ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Sunday, June 16, 2013

Colors for Health အရောင်တွေနဲ့ ကျန်းမာရေး

• အနီရောင်ဟာ -
အင်အားရှိတယ်၊ ရှေ့ဆက်သွားနိုင် လုပ်နိုင်စွမ်းရှိတာကိုပြတယ်။ မျိုးပွါးစနစ်ကို လိုတာတွေပြည့်စေတယ်။ ဆဲလ်တွေဆီ သွေးပိုပြီး စီးလျှောက်တယ်။ အနီရောင်နဲ့ဆိုင်တဲ့ ရောဂါတွေကတော့ Anemia သွေးအားနည်းရောဂါ၊ သွေးတိုးရောဂါ၊ သွေးဖိအားကျရောဂါ နဲ့ အားအင်ကုန်ခမ်းခြင်းတွေ ဖြစ်တယ်။

• လိမ်မော်ရောင်ကတော့ -
နှိုးဆွမှုကိုဖြစ်စေတယ်၊ စိတ်တက်ကြွမှုနဲ့ လုပ်ချင် ကိုင်ချင်စိတ်ကို ဖြစ်စေမယ်။ ဒီအရောင်နဲ့ ဆန့်ကျင်တာဖြစ်သူဟာ ကျောက်ကပ် ရောဂါတွေ၊ ဆီးအိမ်ရောဂါတွေ၊ အူမကြီး အလုပ်နည်းခြင်းတွေဖြစ်စေပါတယ်။ လိမ်မောင်ရောင်နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကတော့ အဆစ်နာ၊ လေးဘက်နာ၊ ဝမ်းချုပ်ခြင်း၊ အစာချေလမ်းရောဂါတွေ၊ ဘေလုံးရောဂါတွေဖြစ်ကြတယ်။

• အဝါရောင်ဟာ -
စိတ်ကိုဖွင့်ထားခြင်း နဲ့ အသေးစိတ်ကိုစိတ်ဝင်ခြင်းကို ကိုယ်စားပြုတယ်။ အာရုံကြောကိုအားပေးတယ်။ အသဲ၊ သည်းခြေအိတ်၊ သည်းခြေရ်ာလုပ်ငန်းတွေကို အားပေးတယ်။ အစာခြေရည်ထုတ်ာကိုလဲ အားပေးတယ်။ အစာခြေလမ်းအလုပ်ကို အားပေးတယ်။ အဝါရောင်နဲ့ဆန့်ကျင်တဲ့ရောဂါတွေကတော့ အာရုံကြောရောဂါ၊ ကြွက်သားနဲ့ အာရုံကြောဆက်စပ်တဲ့ရောဂါ၊ ဆီးချို နဲ့ ထုံးဓါတ် တင်ကျန်ရစ်ခြင်းတွေ ဖြစ်ကြတယ်။ အဝါရောင်နည်းခြင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကတော့ အဆစ်ရောင်၊ အစာမကျေ၊ အသဲမကောင်းခြင်းနဲ့ မှတ်ဥာဏ်နည်းခြင်းတွေဖြစ်ကြတယ်။

• အစိမ်းရောင်ကတော့ -
ပတ်ဝန်းကျင်မှာ တည်ငြိမ်၊ ချောမွေ့ပြီး မျှတနေတဲ့သဘောကို ကိုယ်စားပြုတယ်။ သဟဇာတဖြစ်နေခြင်းဟာ အစိမ်းရောင်ရဲ့သဘောဖြစ်တယ်။ အဆိပ်အတောက်တွေ ဖယ်ရှားရေးကို အားပေးတယ်။ ကြွက်သားနဲ့ အရေပြားတွေတည်ဆောက်ရေးကို ကောင်းစေတယ်။ Sympathetic nervous system (ဆင်ပသက်တစ်) အာရုံကြောစနစ်ကို ကောင်းစေတယ်။ အစိမ်းရောင်မှာ ဆေးကုသမှုအစွမ်းရှိတယ်။ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ကုသရာမှာ အစိမ်းရောင်ကို သုံးနိုင်တာတွေရှိတယ်။

Good Colors and Health ကျန်းမာရေးအတွက်ကောင်းတဲ့ အရောင်တွေ
• အရောင်ရှိတဲ့ အရည်၊ အဝတ်အစား၊ လက်ဝတ်ရတနာ၊ အလင်းရောင်တွေမှာ သူ့အစွမ်းနဲ့သူရှိကြတယ်။
• ပြော့နုတဲ့အရောင်မျိုးဟာ ခေါင်းကိုက်နေတာ သက်သာစေမယ်။ ကိုယ်စိတ် ပေါ့ပါးစေမယ်။
• တောက်ပတဲ့အရောင်တွေကနေ ပျော်ရွှင်ချမ်းမြေ့မှုကိုပေးမယ်။ မွေးနေ့လိုအချိန်ကာလနဲ့ နေရာတွေမှာ အရောင်တောက်တောက်တွေ ဝတ်ဆင်ပြီး မီးခပ်ဝါဝါထွန်းတာသဘာဝကျတယ်။
• Ayurveda အာယုဗေဒဆေးကုနည်းမှာလဲ အရောင်အမျိုးမျိုးရှိတဲ့မီးရောင်သုံးပြီး ဆေးကုတာရှိတယ်။ အပြာနုနု ဒါမှမဟုတ် အစိမ်းနုနုအရောင်ဆိုတာ စိတ်တိုနေသူတွေ၊ စိတ်ပျက်လက်ပျက်ဖြစ်နေသူတွေကို ကုသရာမှာသုံးတယ်။ အဝါရောင်၊ လိမ်မော်ရောင်နဲ့ ရွှေရောင်တွေကို စိုးရိမ်စိတ်ကဲနေသူတွေကို စိတ်တည်ငြိမ်စေဘို့သုံးတယ်။ အနီရောင်တောက်တောက်နဲ့ လိမ်မော်ရောင်တွေကိုတော့ စိတ်ဓါတ်ကျနေသူတွေကို ကုရာမှာသုံးတယ်။

Colored fruits and vegetables အရောင်ရှိ သစ်သီးဝလံတွေ
• အရောင်အလိုက် ကျန်းမာရေးတန်ဘိုးမတူကြပါ။ အရောင်တွေများတဲ့ အသီအနှံတွေနဲ့ အသီးအရွက်တွေမှာ ရောဂါဘယတွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ Phytonutrients (ဖိုက်တိုနူထရိယင့်) တွေပါတယ်။
• ခရမ်းချဉ်းသီးနီရဲရဲကနေ နှလုံးရောဂါအန္တရာယ်ကိုနည်းစေမယ်။
• ပျောင်းဖူးရဲ့ အဝါရောင်ဟာ ကြွက်သားတွေရဲ့ အိုစာမှုဖြစ်စဉ်ကိုတားပေးတယ်။
• အရောင်ရှိ အသီးအနှံတွေထဲမှာ နောက်တမျိုးပါနေတာက Antioxidants (အင်တီအောက်စီဒင့်) ဓါတ်ဖြစ်ပြီး သွေးကြောနံရံတွေ မာလာမှာကို တားနိုင်လို့ နှလုံးသွေးကြောရောဂါအတွက် ကောင်းကျိုးရစေမယ်။
• အဝါရောင်ရှိတဲ့ မုံလာဥ၊ ကန်စွန်းဥ၊ သရက်သီး၊ ဖယုံသီး၊ ဖရဲသီး၊ ပျောင်းဖူးတွေထဲမှာ Carotenoids (ကရိုတီနွိုက်) ဓါတ်ပါတယ်။ ကင်ဆာကို ဆန့်ကျင်စေတယ်။
• (ဘရိုကိုလီ) မုံလာပွင့်အစိမ်းရောင်ထဲမှာ Lutein (လူတိန်း) ဓါတ်ပါလို့ အမြင်စူးရှပြီး ကြည်လင်စေမယ်။

Food Color and Health Hazards အရောင်နဲ့ ကျန်းမာရေး သတိပေးချက်များ
• FDA အစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ Adverse Reaction Monitoring System (ARMS) ပြောင်းပြန်သက်ရောက်မှု စောင့်ကြည့်စနစ် ဆိုတာလုပ်ထားပါတယ်။ အစားအသောက်မှာ အရောင်စွဲလမ်းမှုကို ကွန်ပြူတာနဲ့ ဒေတာဘေ့စ် ပြုစုထားတာဖြစ်တယ်။
• Advisory Committee on Hypersensitivity to Food Constituents အစားအသောက်ထဲမှာပါတာတွေနဲ့ မတည့်ခြင်း အကြံပြုကော်မတီရဲ့ ၁၉၈၆ ထုတ်ပြန်ချက်ထဲမှာ
 FD&C Yellow No. 5 အဝါရောင် နံပါတ် (၅) ကြောင့် လူ ၁ဝဝဝဝ မှာ တယောက်ထက်နည်းပြီး အင်ပြင်ထတာကိုဖြစ်စေပြီး တယောက်မှ ပန်းနာမဖြစ်ပါလို့ပါတယ်။ “ပန်းနာထတာ၊ အလာဂျီရလို့ အင်ပြင်ထတာတွေဟာ ဟိုအသီး၊ ဒီအရွက်စားမိလို့ဆိုပြီး အလွယ်ထင်တာတွေ မမှန်ဘူး” လို့ ထောက်ပြလိုက်တာဖြစ်ပါတယ်။
 Red No. 3 အနီရောင် နံပါတ် (၃) ကိုတော့ ၁၉၉ဝ ခုနှစ်မှာ လည်ပင်းကြီးအကျိတ် (ကင်ဆာ) ဖြစ်နိုင်တယ်ဆိုပြီး ညွှန်ကြားချက်အရမဟုတ်ဘဲ ရောင်းကုန်ကနေ ဖျက်သိမ်းလိုက်ပါတယ်။ FDA ကတော့ ခုထိ တရားဝင်မဖြုတ်သေးပါ။

Spa ခေါ်တဲ့ရေချိုးခန်းတွေမှာ ကိုယ်ခန္ခာကို ကျန်းမာရေးအရ ရွေးချယ်ထားတဲ့ အရောင်ရှိတဲ့ ကိုယ်ပတ်အဝတ်စသုံးတယ်။ တည်းခိုခန်းတွေ၊ ဟော်တယ်ခန်းတွေမှာ အပြင်အရောင်နဲ့ အတွင်းနံရံအရောင်တွေကနေ လူ့ ကိုယ်-စိတ်ကျန်းမာရေးကို သက်ရောက်စေတယ်။ ဆေးရုံတချို့မှာလဲ လူနာရောဂါအလိုက် အတွင်းနံရံအရောင်ကို မတူတာမှာ ထားတာမျိုးရှိတယ်။ သွေးအားနည်းနေသူကို ပန်းရောင်ရင့်ရင့်၊ ဒါမှမဟုတ် အနီရောက်ခန်းမှာထားတယ်။
လေ့လာမှုတွေ သုတေသနတွေက အများဆုံးက အမေရိကားကနေလုပ်တာများလို့ သူတို့ဆီကလူတွေရဲ့ ကိုယ်-စိတ် ကျန်းမာရေးကို ထင်ဟပ်ပါတယ်။ လူတွေဟာ အကြိုက်မတူတာမှ မျိုးနဲ့ရိုးနဲ့ဆိုတယ်လို့ပြောတာ အင်မတန်မှန်တယ်။ မြန်မာလူမျိုးတွေအကြိုက်နဲ့ တန်ဘိုးတားမှုတွေဟာ သီးခြားသဘောရှိတယ်။ တောင်အာရှ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ သီရိလင်္ကာ၊ နီပေါ) ကလူတွေမှာ သီးခြားအကြိုက်တွေရှိတယ်။ အရှေ့တောင်-အာရှထဲမှာတောင်မှ (မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား) တွေက ခပ်တင်တင်တူကြပေမဲ့ တရုပ်လွှမ်းမိုးမှု မနည်းလှတဲ့ မလေးရှားနဲ့ စင်္ကာပူမှာကတမျိုး၊ မွတ်ဆလင်ကြီးစိုးတဲ့ အင်ဒိုနီးရှား၊ ဘရူနိုင်းတွေက တဘာသာရှိကြတယ်။

မြန်မာလူမျိုးတွေက သင်္ကန်းရောင်ကို လူဆိုရင်ဘယ်သူမှ မဝတ်ကြပေမဲ့ အိန္ဒိယမှာ ယောက်ျားခေါင်းပေါင်းရော မိန်းမဆာရီတွေဟာ သင်္ကန်းရောင်အတိုင်းပါ။ မွတ်ဆလင်တွေက အစိမ်းရင့်ရောင်ကို ဘာသာရေးအတွက် ထားတယ်။ တရုပ်တွေက အနီ၊ အဝါနဲ့ ရွှေရောင်ကိုကြိုက်တယ်။

အကြိုက်မတူတော့ ဖြစ်တာလဲမတူ၊ ကုစားရာမှာ အရောင်သုံးရတာလဲ မတူနိုင်ပါ။ ဒါပေမဲ့ သွေးဆိုတာ အောက်စီဂျင် ပြည့်ဝနေရင် အားလုံးဟာ Bright red နီရဲရဲချည်းသာ ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၆-၂ဝ၁၃

Read more...

Saturday, June 15, 2013

Breast cancer risk has risen for South Asian women ရင်သားကင်ဆာ တောင်အာရှကနေ ဗြိတိန်မှာလာနေသူများ ပိုဖြစ်လာကြ

• University of Sheffield ရှဖီးလ်းလ် တက္ကသိုလ်မှာလုပ်တဲ့ သုတေသနကတွေ့ရှိပြီး၊ ၁၄-၆-၂ဝ၁၃ နေ့က National Cancer Intelligence Network Conference ကွန်ဖရင့်မှာ ထုတ်ဖေါ်လိုက်တာဖြစ်ပါတယ်။
• ဒီသုတေသနကို ၂ဝဝဝ-၂ဝဝ၉ အတွင်း ဒေသမျိုးစုံကလာကြတဲ့ အမျိုးသမီးပေါင်း ၁၃၅ဝဝဝ ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
• ၂ဝဝဝ-၂ဝဝ၄ အတွင်း တောင်အာရှ (အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒက်ရှ်၊ နီပေါ) ကနေလာကြတဲ့ အမျိုးသမီးတွေမှာ တခြားအမျိုးသမီးတွေထက် ၄၅% အဖြစ်နည်းခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၅-၂ဝဝ၉ အတွင်းမှာ အသားအဖြူအမျိုးသမီးတွေထက် ၈% ပိုဖြစ်လာတာတွေ့ရတယ်။
• ဘာလို့ အဲလိုပြောင်းလာသလဲဆိုတာ တိတိကျကျတော့ ပြောမရသေးပါ။
• Lifestyle factors လူနေမှုပုံစံက စဉ်းစားစရာဖြစ်တယ်။
သူတို့တတွေဟာ အခြေခံ နောက်ကြောင်းမှာ စီးပွါးရေးသိပ်မကောင်းတဲ့ မိသားစုကနေ လာကြတယ်။
အဝလွန်ခြင်းကလည်း အချက်တခုဖြစ်တယ်။
သူတို့တတွေ ဗြိတိန်မှာလာနေကြတော့ ကလေးယူတာနည်းလာကြတဲ့အချက်၊
ကိုယ်ဝန်တားဆေးတွေ ပိုသုံးလာကြတဲ့အချက်၊
ဆေးလိပ်နဲ့ အရက်သောက်လာကြတဲ့အချက်တွေကနေ သက်ရောက်စေသလား စဉ်းစာစရာ ဖြစ်ပါတယ်။
“ခေတ်မီ နိုင်ငံတကာယဉ်ကျေးမှုကို အမီလိုက်ချင်သူများ သတိထားစေချင်ပါတယ်ခင်ဗျား။”
http://www.bbc.co.uk/news/health-22891645
ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၃

Read more...

Friday, June 14, 2013

ကင်ဆာ ဆင်ခြင်စရာ တဒါဇင်

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း Consumer Protection Association (Myanmar)

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂ဝ၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁ဝ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ -

1. ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်
အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ဝယ်ဝယ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အသုပ်စုံတွေ၊ ထုံချိုင်းတွေ၊ အကြော်စုံတွေ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း (Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ (Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ်။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။ ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း (Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့။

2. အချဉ်ရည်နဲ့ ကင်ဆာရောဂါ
အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ်၊ အစာအိမ် အူလမ်းကြောင်း၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း (H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

3. နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ
ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။

4. အချိုရည်နှင့် ဂျယ်ရီများ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂ဝဝ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။

5. မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ
ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။

6. တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ
တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

7. ကော်ဖီမစ်များ (Coffeemix)
ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၄င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။ ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ဝယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

8. အရောင်ချွတ်ထားသော အစားအသောက်များ
နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ဝါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။

9. ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ
တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အဝါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။

10. သတိထားသင့်သော အသီးအနှံများ
ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။ ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။ အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။ ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။

11. ပဲဆီ၊ နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား
အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ဝယ်ထားတဲ့ ၂၅ဝကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။ ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈ဝ% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း

12. အချိုမှုန့်နှင့် ကြက်သားမှုန့်များ
အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။ ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။

စားသုံးသူ ကာကွယ်ရေး အသင်းသို့ ဝင်ရောက်လိုသူများ၊ ဆက်သွယ်အကူအညီတောင်းခံလိုသူများနှင့် လှူဒါန်းလိုသူများ
အသင်းရုံး ၁
စာရေးဆရာ ဗအုပ်ခိုင်(သဘာဝ သမားတော် အသည်းအထူးကု)
မင်းစေတီလမ်း၊ မင်းစေတီ စာကြည့်တိုက်ရှေ့၊ အင်းစိန်မြို့နယ်။ ဖုန်း 01-644090/ 09-421121890

အသင်းရုံး ၂
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - 01-661732
ဇီဝိတ ဒါနဆေးကုခန်းတွင် သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို အခမဲ့ ကုသပေးပါသည်။
တည်နေရာ
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း 01-661732
(မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်)

Read more...

အရက်မူးတာကို ကော်ဖီကထူးစေသလား

ကော်ဖီသောက်လိုက်ရင် သောက်ထားတဲ့အရက်ရှိန် (မူးနေတာ) ပြေသွားမယ်လို့ယူဆချက်ဟာ နားထောင်ရင် အဟုတ်လို့ ထင်စရာပါ။ ဒါပေမဲ့ လေ့လာမှုတွေလုပ်ကြည့်တော့ အဲလိုမဟုတ်ပါ။

နှစ်အနည်းငယ်တုံးက မိတ်ဆွေတချို့နဲ့အတူ ကျမ ဇာတ်ရုံတခုကကပွဲမှာ အသုံးတော်ခံခဲ့ပါတယ်။ ကျမခင်ပွန်းက အရောက်နောက်ကျပါတယ်။ သူက ခရစ်မတ်နေ့လည်စာနဲ့ ကော်ဖီသောက်ပြီး မွန်းလဲနောက်ပိုင်းတခုလုံးမှာ ဝိုင်တွေ သောက်နေခဲ့တာပါ။ ကံကောင်းတာက ပြဇာတ်က ဟာသဖြစ်ပါတယ်။ ကျမယောက်ျားဟာ လိုတာထက်ပိုပြီး ရယ်မောနေလို့ သူနဲ့တွဲသရုပ်ဆောင်ရသူကတောင် အံ့သြနေကြရပါတယ်။

အားလပ်ချိန်မှာတော့ နောက်ကျိနေတာ သက်သာသွားအောင်ဆိုပြီး ကျမသူ့အတွက် ကော်ဖီ ဝယ်တိုက်ပါတယ်။ ပြဇာတ် ဒုတိယပိုင်းမှာ သူ အတော်ငြိမ်နေတာ တွေ့ရတယ်။ ဒါဖြစ်ရင် ကျမတွက်ထားသလို ကော်ဖီကနေ မျက်လှည့်ပြသလိုသတ္တိ တကယ်ရှိသတဲ့လား။

Sedative effects အရက်ဆိုတာ များလေလေ အိပ်ချင်စိတ်များလေလေဆိုတာ လူတိုင်း သိတဲ့အချက်ပါ။ ပဌမ ၁ နာရီခွဲအတွင်းမှာ သွေးထဲမှာ အရက်ပမာဏ များနေချိန်မယ် အရက်သောက်သူဟာ တက်ကြွနေပါတယ်။ ၂ နာရီ နောက်ပိုင်းမှာတော့ ၆ နာရီ အထိ အိပ်ချင်စိတ်ဟာ တိုးတိုးလာပါတယ်။

ကော်ဖီထဲမှာပါတဲ့ Caffeine (ကေဖင်း) ဓါတ်ကတော့ ပြောင်းပြန်ဖြစ်ပါတယ်။ လူတွေကို တက်ကြွနေစေပါတယ်။ ဒီအချက်ကြောင့် ဘီယာတပိုင့်သောက်ပြီး ကော်ဖီတခွက်နဲ့ဖြေတာ သဘာဝကျပါတယ်။

စိတ်မကောင်းစရာ လာပါပြီ။ အရက်သုတေသနသမိုင်းမှာ ဓါတ်ခွဲခန်းတွေထဲ အရက်သောက်ထားသူတွေကို ကော်ဖီ တိုက်ပြီး စမ်းသပ်တဲ့အခါ အဖြေတွေက ဆန့်ကျင်တာတွေ ထွက်လာပါတယ်။ တချို့မှာ Alcohol အရက်ကြောင့် Reaction times ပြန်လည် တုန့်ပြန်နိုင်တဲ့ ကြားကာလအချိန်ဟာ ကော်ဖီကြောင့် တိုးလာပေမဲ့ တချို့ ဘာမှမထူးပါ။

၂ဝဝ၉ ခုနှစ်မှာ (အရက် + ကော်ဖီ) အစွမ်းကို ပိုပြီး အသေးစိတ်ထုတ်ပြန်လာနိုင်ပါတယ်။ ကြွက်တွေကို အရက် တိုက်ပါတယ်။ ဒိနောက်မှာ လူတွေဆို ၈ ခွက်နဲ့ညီတဲ့ ကော်ဖီကို တိုက်ပြန်ပါတယ်။ ကေဖင်းဝင်ပြီးတဲ့နောက်မှာ ကြွက်တွေဟာ ပိုပြီး တက်ကြွနေပုံရပေမဲ့ ဒီအကောင်တွေဟာ ကော်ဖီမသောက်ရတဲ့ကြွက်တွေထက် ဝင်္ကဘာထဲမှာ အခြေအနေဆိုးတာ တွေ့ရပါတယ်။

ဒါကြောင့် ကော်ဖီဟာ အရက်ကြောင့်ဖြစ်စေတဲ့ Tiredness မောပမ်းမှုကို တန်ပြန်နိုင်စွမ်း ရှိတယ်။ ဒါကြောင့် နေ့စာ၊ ညစာစားပြီးဆိုင်း ကော်ဖီနဲ့ အစာပိတ်တဲ့သဘောက မှန်ကန်ပါတယ်။ ဒါပေမဲ့ အရက်ကြောင့်ဖြစ်ရတဲ့ Cognitive deficits မှတ်သားမှု-ဥာဏ်ထုတ်မှုအစွမ်း နည်းပါးနေတာကိုတော့ ကော်ဖီကနေ ဖျောက်မပေးနိုင်ပါ။ Drunkenness feelings အရက်သမားခံစားမှုဆိုတာ အဲဒါပါ။

ဇီဝကမ္မ၊ ရောဂါဗေဒလိုပြောရရင် အရက်ကို ကိုယ်ခန္ဓာနေ ချက်လုပ်ပါတယ်။ ဒီအတွက် နေ့ရက်တွေ မနည်းမနော ယူပါမယ်။ ဒီအလုပ်အတွက် အသဲက (အင်ဇိုင်းမ်) ၂ မျိုးသုံးရပါတယ်။ Alcohol dehydrogenase (အယ်လ်ကိုဟော ဒီဟိုက်ဒရိုဂျင်နေ့စ်) နဲ့ Aldehyde dehydrogenase (အယ်လ်ဒီဟိုက် ဒီဟိုက်ဒရိုဂျင်နေ့စ်) တွေဖြစ်ပါတယ်။ အဆင့်တွေ အဆင့်တွေ အများကြီးအပြီးမှာ လွန်ခဲ့တဲ့ ရက်တွေတုံးက သောက်ထားတဲ့ အရက်ဟာ ရေနဲ့ Carbon dioxide (ကာဗွန်အောက်ဆိုက်) အဖြစ် ချွေးနဲ့ ဆီးထဲကနေ စွန့်ထုတ်ပါတယ်။

One unit of alcohol အရက်တယူနစ် (10 ml in UK = 10 grams [12.7 ml] in Australia) ကို (မက်တာဘော်လိုက်စ်) ချက်လုပ်ဘို့ရာ ၁ နာရီပျမ်းမျှ အချိန်ယူပါတယ်။ မျိုးဗီဇ၊ အစာစားထားမထား၊ အရက်ရာနှုန်းတွေအရ အနှေးအမြန် ကွာပါမယ်။ ကော်ဖီထဲမှာပါတဲ့ ကေဖင်းကနေ ဒီဖြစ်စဉ်ကို မြန်စေအောင် မလုပ်နိုင်ပါ။ နောက်ထပ် သုတေသနအရ (ကေဖင်း) များတာကနေ အရက်ကြောင့် မှတ်ဥာဏ်ကို သက်ရောက်တာကို တန်ပြန်နိုင်တယ်။ Dizziness မူးနောက် နေတာကိုတော့ မပြေစေဘူးလို့ သိရပါတယ်။

ကေဖင်းကြောင့် ပိုဆိုးတယ်လို့ ပြောသူတွေလဲ မနည်းပါ။ ၂ဝဝ၈ ခုနှစ်ထဲမှာ အမေရိကန် ကောလိပ်ကျောင်းသားတွေကို လေ့လာတဲ့အခါ Vodka နဲ့ Red Bull လို အရက်ထဲမှာ (အယ်လ်ကိုဟော + ကေဖင်း) ပါတာမို့ သောက်သူတွေဟာ ထိခိုက်ဒဏ်ရာရတာ ပိုများကြပြီး၊ လမ်းပေါ်မှာ မြန်နှုန်းသတ်မှတ်တာထက် ပိုမောင်းသူတွေကနေ လိုက်ချင်လိုက်ခဲ့လို့ ကားပေါ်တင်ရင်လိုက်ကြသူက ၂ ဆ မက များတာကို တွေ့ရတယ်။ ဒီအချက်ဟာ သောက်ထားတဲ့အရက် နည်းတာ များတာနဲ့ တိုက်ရိုက်အချိုးမကျပါ။

ဒီသတင်းပို့ချက်ကိုရေးသူ Claudia Hammond (ကလော်ဒီယာ) ဟာ စာရေးသူ၊ အသံလွှင့်သူ၊ စိတ်ပညာကထိက ဖြစ်ပါတယ်။ သူမဟာ Health Check on BBC World Service ဘီဘီစီ ကျန်းမာရေးစစ်ဆေးမှုဆိုတဲ့အစီအစဉ်ကို ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်နေသူ ဖြစ်ပါတယ်။

Does coffee really sober you up when drunk? http://www.bbc.com/future/story/20130611-does-coffee-sober-you-up/2

ဒေါက်တာတင့်ဆွေ
၁၄-၆-၂ဝ၁၃

Read more...

Tuesday, June 11, 2013

ကင်ဆာ ဆင်ခြင်စရာ တဒါဇင်

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း Consumer Protection Association (Myanmar)

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးရဲ့ ၂ဝ၁၁ ခုနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁ဝ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့ အဓိက အကြောင်းအရင်းတွေကတော့ -

1. ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်
အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ဝယ်ဝယ်၊ လက်ဖက်ရည်၊ ကော်ဖီ၊ အသုပ်စုံတွေ၊ ထုံချိုင်းတွေ၊ အကြော်စုံတွေ၊ အကင်တွေပဲ ထုပ်ထုပ် ပလတ်စတစ်တွေ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း (Styrene) ဆိုတဲ့ ဓာတု ပစ္စည်းတွေဟာ အပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့ အစားအသောက်နဲ့ပဲ တွေ့တွေ့ အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ (Monomer) ဆိုတဲ့ အင်မတန် အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ်။ ဒီဓာတုပစ္စည်းတွေ အကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့ အရင်တုန်းကလို စက္ကူတွေ၊ အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲ အစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။ ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း (Styrene) ဓာတ်ပါတဲ့ ပလတ်စတစ် အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေ လုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့။

2. အချဉ်ရည်နဲ့ ကင်ဆာရောဂါ
အသုတ်ဆိုင်တွေ အကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊ အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့ အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ်၊ အစာအိမ် အူလမ်းကြောင်း၊ ကင်ဆာ ဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ် အက်ဆစ်ပြင်း (H2SO4) ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ် အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့ အချဉ်ရည် အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ ရေရှည်စားသုံးရင်တော့ အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊ အူမကြီး ကင်ဆာ အသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။

3. နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ
ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင် အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတု အမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီး အာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိ အဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေတစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက် အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသော အဆိပ်မှုန် အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင် အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။
4. အချိုရည်နှင့် ဂျယ်ရီများ
အချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက် အဆ ၂ဝဝ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်ရောဂါ၊ အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှ လာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေးပါဝင်သဖြင့် ကလေးများကို လုံးဝ မကျွေးသင့်၊ မရောင်းသင့်ပါ။

5. မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ
ထိုပစ္စည်းများသည် အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝ အသုံးမပြုသင့်ပါ။

6. တရုတ်နို့မှုန့်နှင့် ၄င်းနှင့် ပြုလုပ်သော မုန့်များ
တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည် အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၄င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။

7. ကော်ဖီမစ်များ (Coffeemix)
ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့၊ အုန်းသီးခွံအမှုန့်များနှင့် သကြား၊ အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။ ၄င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့် အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။ ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစား အသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကို အဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ဝယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamer အဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

8. အရောင်ချွတ်ထားသော အစားအသောက်များ
နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ဝါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလ အညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့် အိမ်သုံးဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝ အရောင်ကို ရွေးချယ် စားသောက်ကြပါစို့။
9. ရောင်စုံဆိုးဆေးများနှင့် အစားအသောက်များ
တားမြစ် အန္တရာယ်ရှိ ဆိုးဆေးများ အသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊ အဝါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့် အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည် အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။

10. သတိထားသင့်သော အသီးအနှံများ
ဓာတုဟော်မုန်းဆေးများ အသုံးပြုထားကာ အဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊ အမြစ်တိုတို အလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ၊ ပိုးသတ်ဆေး အပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။ ထို့အပြင် လူသေကောင် မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့် အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။ အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။ ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊ အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည် အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ်ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။

11. ပဲဆီ၊ နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထား
အခု စားအုန်းဆီတွေထဲကို အနည်ကျအောင် အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့ အနည်တွေကို အောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ဝယ်ထားတဲ့ ၂၅ဝကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကိုထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီ အစစ်ထက်တောင် ပိုမွှေးသွားရော။ ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့ အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈ဝ% သော ပဲဆီတွေက အနံ့ထည့်ထားတဲ့ ပဲဆီ အတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့ CPAM သို့ အကြောင်းကြားပါတယ်း

12. အချိုမှုန့်နှင့် ကြက်သားမှုန့်များ
အချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။ ကြက်သားမှုန့်တွင်လည်း အချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့် အချိုမှုန့်ထက်ပင် ပိုမို ဆိုးရွားစေပါသည်။

စားသုံးသူ ကာကွယ်ရေး အသင်းသို့ ဝင်ရောက်လိုသူများ၊ ဆက်သွယ်အကူအညီတောင်းခံလိုသူများနှင့် လှူဒါန်းလိုသူများ
အသင်းရုံး ၁
စာရေးဆရာ ဗအုပ်ခိုင်(သဘာဝ သမားတော် အသည်းအထူးကု)
မင်းစေတီလမ်း၊ မင်းစေတီ စာကြည့်တိုက်ရှေ့၊ အင်းစိန်မြို့နယ်။ ဖုန်း 01-644090/ 09-421121890

အသင်းရုံး ၂
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - 01-661732

ဇီဝိတ ဒါနဆေးကုခန်းတွင် သံဃာတော်၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များကို အခမဲ့ ကုသပေးပါသည်။

တည်နေရာ
ပေါက်စေတီ ကျောင်းတိုက်ဝင်း၊ ၈မိုင်လမ်းဆုံအနီး၊ မရမ်းကုန်းမြို့နယ်။ ဖုန်း 01-661732
(မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ လက်ကမ်းစာစောင်)

Read more...

Friday, May 31, 2013

Supraventricular Tachycardia နှလုံးခုန်မြန်ရောဂါ

လူနာက အသက် ၆၂ နှစ်၊ အမျိုးသမီးပါ။ ဆီးချိုလည်း ရှိပါတယ်။ ရန်ကုန်မှာ လုပ်ရမှာဖြစ်ပါတယ်။ ၂ဝဝ၉ မှာတစ်ကြိမ်ဘဲဖြစ်ခဲ့ဖူးပါတယ်။ လူနာက လုပ်ရမှာကြောက်နေလို့ လုပ်သင့် မသင့်မသိလို့ပါ။ SVT အကြောင်းလည်း ဗဟုသုတအနေနဲ့ သိချင်လို့ပါဆရာ။

Supraventricular tachycardia (SVT) ဆိုတာ ပုံမှန်ဖြစ်တတ်တဲ့ ကိုယ်လက်လှုတ်ရှားမှုလုပ်တာ၊ ကိုယ်ပူတာ၊ စိတ်ဖိအားများတာတွေကြောင့် မဟုတ်ဘဲ နှလုံးခုန်မြန်တာမျိုးဖြစ်တယ်။

အမျိုးအစား (၂) ခုရှိတယ်။
၁။ Atrioventricular nodal reentrant tachycardia (AVNRT) နဲ့
၂။ Atrioventricular reciprocating tachycardia (AVRT), including Wolff-Parkinson-White syndrome တွေ ဖြစ်တယ်။

တမိနစ်မှာ ၁ဝဝ ကျော်နေမယ်။ ၃ဝဝ အထိလဲ ရောက်နိုင်တယ်။ ဆေးကုလို့ဖြစ်ဖြစ်၊ သူ့အလိုလိုဖြစ်ဖြစ် ၆ဝ-၁ဝဝ ပြန်ရောက်နိုင်တယ်။ တချို့မှာ ရုတ်တရက်ဖြစ်ပြီး ရုတ်ရက်ပျောက်နိုင်တယ်။ တချို့မှာ ဘာမှ မခံစားရဘူး။ ခံစားရရင်၊ ခဏခဏဖြစ်နေရင်၊ ဖြစ်နေတာကြာရင် ဆေးကုဘို့လိုမယ်။ ဆေးစာမှာ SVT ကို Paroxysmal supraventricular tachycardia (PSVT) နဲ့ Paroxysmal atrial tachycardia (PAT) လို့လဲခေါ်သေးတယ်။

ဘာလို့ဖြစ်သလဲ
နှလုံးထဲက လျှပ်စစ်သွယ်တန်းမှုမှာ ချို့ယွင်းလို့ဖြစ်လာရတယ်။ ဘာလို့ အဲလိုလာဖြစ်သလဲကတော့ မရှင်းဘူး။ Digoxin နှလုံးဆေးနဲ့ Theophylline ပန်းနာဆေးတွေကြောင့်လဲ အဲလိုဖြစ်နိုင်တယ်။ Wolff-Parkinson-White syndrome က မိသားစုမျိုးရိုးလိုက်နိုင်တယ်။ COPD or Pneumonia အဆုပ်ရောဂါတွေကနေလဲ ဆက်ဖြစ်နိုင်တယ်။

အသက်ကိုအန္တရာယ်ပေးနိုင်တယ်ဆိုတာထက် နေရထိုင်ရခက်တာက ပြဿနာပိုဖြစ်တယ်။ ခံစားရရင်
• ရင်တုန်မယ်၊
• သွေးလွှတ်ကြောစမ်းရင် အတင်းအားကောင်းကောင်းနဲ ခုန်နေတာ စမ်းလို့ရမယ်။
• ခေါင်းမူးဝေဝေနဲ့ ပေါ့နေပြီး နေမထိဖြစ်နေမယ်။
• သတိလစ်ချင်သလောက်နီးနီး၊ တကယ်သတိလစ်ခြင်း၊
• အသက်ရှူတိုတောင်းခြင်း၊
• အသက်ရှူမြန်မယ်၊
• ရင်ပတ်နာမယ်၊
• လည်ပင်းထဲတင်းကျပ်နေမယ်၊
• ချွေးပြန်မယ်။

Electrocardiogram (EKG, ECG) ရိုက်ရမယ်။

ဘယ်လိုကုသမလဲ
SVTs ကို AV node ဆိုတဲ့နှလုံးနေရာလေးတခုနဲ့ဆိုင်တာနဲ့ မဆိုင်တာဆိုပြီး ၂ မျိုးရှိတယ်။

ဆိုင်တဲ့ဟာဆိုရင် AV nodal blocking နည်းသုံးတယ်။ Physical maneuvers ရုပ်ပိုင်းနည်း = Vagal maneuvers လို့ခေါ်တယ်။ ရင်ပတ်ထဲမှာ ဖိအားကိုများစေအာင် တမင် လုပ်နည်းဖြစ်တယ်။ ချောင်းဆိုးမယ်၊ အသက်မရှူဘဲ အောင့်ထားမယ်၊ ရှူထုတ်တဲ့အခါ အားနဲ့ထုတ်မယ်၊ နှာခေါင်းကို ပိတ်ထားပြီးမှ အသက်ရှူထုတ်မယ်။ မျက်နှာပေါ်ရေခဲတင်တာ၊ Carotid sinus massage လည်ပင်းမှာ နေရာလေးတခုကို နှိပ်ပေးနည်းလဲ သုံးနိုင်တယ်။ အသက်သိပ်ကြီးနေသူကိုတော့ မလုပ်စေပါ။

Adenosine ဆေးကို အထက်ကနည်းတွေနဲ့ မရရင် ဆေးမယ်။ ဒီဆေးနဲ့သက်သာရင် Diltiazem, Verapamil or Aetoprolol တွေနဲ့ ထိန်းထားပေးမယ်။ Adenosine ဆေးကို ကိုယ်ဝန်ဆောင်နေချိန်မှာလဲ ပေးနိုင်တယ်။

AV node နဲ့မဆိုင်တဲ့ SVT ရောဂါအမျိုးအစားဆိုရင် Sotalol နဲ့ Amiodarone ဆေးတွေပေးတယ်။

Electrical cardioversion လျှပ်စစ်နည်းနဲ့လဲ ကုသပေးချင်ပေးမယ်။ လူနာအခြေအနေက မတည်ငြိမ်ရင်၊ ဆေးတွေနဲ့လဲ မနိုင်ရင် ဒီနည်းသုံးနိုင်တယ်။ Synchronized electrical cardioversion လို့လဲခေါ်တယ်။ Catheter ablation ခွဲစိတ်နည်းလဲ ရှိတယ်။

အရက်နဲ့မတည့်ပါ။ ကေဖင်း (ကော်ဖီ) နဲ့ မတည့်ပါ။ ဆေးလိပ်နဲ့ မတည့်ပါ။ တိုင်းရင်းဆေး၊ ဟာဗယ်လ်ဆေး၊ အားဆေးဆိုပြီးဆိုင်တွေမှာ ကြော်ညာပြီးရောင်းတဲ့ဆေးတွေနဲ့ မတည့်ပါ။ Decongestants အအေးမိပျောက်ဆေး သောက်ရင် သတိထားပါ။ Cocaine, Ecstasy, or Methamphetamine တရားမဝင်ဆေးတွေနဲ့ မတည့်ပါ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၃

Read more...

Wednesday, May 29, 2013

မြန်မာနိုင်ငံမှာ ဘီပိုး လူခြောက်သန်းခန့် ရောဂါကူးစက်ခံရ

မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ ဆေးသုတေသန စစ်တမ်းများအရ လူ ၁ဝ ဦးလျှင်တစ်ဦး အသည်း ရောင်အသားဝါ ဘီပိုး ကူးစက်ခံ နေရသောကြောင့် မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ လူခြောက်သန်းခန့် ရောဂါကူးစက်ခံရ

အသက် (၅ဝ)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့်အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များ အကြောင်းတစ်ခုခုဖြင့် သူ့မြေးကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက်တစ်ခုလည်းဖြစ်သည်။

“သူတို့နေထိုင်မကောင်းတဲ့အခါတိုင်း ငါ့ဆီကများ ပိုးတွေကူးသွားသလားဆိုပြီး အရမ်းကိုထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေးထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါ စစ်တာပါ တွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြောသည်။

မည်သို့သောနည်းလမ်းဖြင့် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရမှန်း ဒေါ်မီမီမသိသော်လည်း ရောဂါပိုးရှိကြောင်း သိရှိသည့် လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ ဆေးဝါးကုသမှု မှန်မှန်ပြုလုပ်ခဲ့ကာ ယခုအချိန်ထိ ဆေးစစ်သည့် အဖြေများကြောင့် ဒေါ်မီမီတွင် အသည်းထိခိုက်မှုတော့ မရှိသေးချေ။

ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံရှိ လူ ၁ဝ ဦးတွင် တစ်ဦး အသည်းရောင် အသားဝါ ဘီပိုးကူး စက်ခံနေရကြောင်း တွေ့ရှိခဲ့ကြသဖြင့် ခန့်မှန်းခြေအားဖြင့် ပြည်တွင်းတွင် ရောဂါပိုးကူးစက်ခံထားရသူ ခြောက်သန်းခန့်ရှိနေသည်။

မြန်မာနိုင်ငံရှိ လူထုအား သေဆုံးစေသည့်ရောဂါများအနက် အသည်းခြောက်ရောဂါသည် နံပါတ်ရှစ်နေရာတွင် ရှိနေကြောင်း GBD 2010 တွင် ဖော်ပြထားပြီး အခြားနိုင်ငံများနှင့်မတူ မြန်မာနိုင်ငံသည် အသည်းရောင်ဘီပိုးကြောင့် အသည်းခြောက်ရောဂါ အများဆုံးဖြစ်ပွားသည့် နိုင်ငံလည်းဖြစ်သည်။

ပြည်တွင်းရှိ အသည်းအထူးကုဆရာဝန်များထံသို့ ရောက်ရှိလာသည့် လူနာအားလုံး၏ ၇ဝ ရာခိုင်နှုန်းကျော်သည် အသည်းရောင်အသားဝါဘီပိုးကြောင့် နောက်ဆက်တွဲ ရရှိလာသည့် ရောဂါများဖြင့် ရောက်ရှိလာသည့် လူနာများ ဖြစ်နေကြောင်း အသည်းအထူးကုသမားတော်ကြီးများက ပြောသည်။

ခုခံအားကျဆင်းသည့်ရောဂါ (အိတ်ခ်ျအိုင်ဗီဗိုင်းရပ်စ်)ကူးစက်ခံရမှုကို အထူးတလည်ကြောက်ရွံ့နေသည့်အချိန်တွင် အိတ်ခ်ျအိုင်ဗီနှင့် ကူးစက်ပုံတူညီသည့် အသည်းရောင် အသားဝါဘီပိုးသည် အိတ်ခ်ျအိုင်ဗီထက် အဆငါးဆယ် ပိုမိုကူးစက်နိုင်ခြေရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖော်ပြထားသည်။

ရောဂါပိုးသည် သွေးနှင့် ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်များထဲတွင် ပမာဏများစွာပါဝင်နေပြီး အနည်းငယ်ထိရှမိရုံဖြင့် ရောဂါပိုးကူးစက်နိုင်သည်။ ရောဂါပိုးသည် ပမာဏနည်းနည်းဖြင့် တံတွေး၊ နို့ရည်၊ ချွေးစသည်တို့တွင်လည်း ပါဝင်နေပြီး အခြားဗိုင်းရပ်စ်ပိုးများနှင့်မတူ ခန္ဓာကိုယ်ပြင်ပတွင်လည်း တစ်လခန့် အသက်ရှင်နိုင်သည်။

အသည်းရောင်အသားဝါဘီကြောင့် ဆေးရုံ၊ ဆေးခန်းရောက်လာသည့် လူနာများတွင် ကလေးငယ်မှစတင်ပြီး သက်ကြီးရွယ်အိုအထိ အရွယ်စုံပါဝင်ကာ ထိုရောဂါသည် ပျောက်ကင်းအောင် ကုသရန် မလွယ်ကူသည့် နာတာရှည်ရောဂါမျိုးဖြစ်သည်။

ရောဂါပိုးသည် သွေးအတွင်း၌ ပျံ့နှံ့နေပြီး အခြားသူတစ်ဦးထံသို့ သွေး၊ ခန္ဓာကိုယ်မှထွက်ရှိသည့် အရည်နှင့်ရောဂါရှိသော မိခင်မှ ကလေးသို့ မီးဖွားချိန်များတွင် ကူးစက်ပျံ့နှံ့သည်။ များသောအားဖြင့် သွေးမကြာခဏသွင်းသူများ၊ ကျောက်ကပ် ဆေးနေရသူများ၊ မူးယစ်ဆေးဝါးအကြောထဲသွင်းသူများ၊ လိင်အပျော်အပါးများသူများ၊ ခန္ဓာကိုယ်တွင် အပေါက်ဖောက်သူများ ဆေးမင်ကြောင်ထိုးသူများတွင် ရောဂါကူးစက်နိုင်ခြေများပြားသည်။

“ဒီနိုင်ငံထဲမှာ ကူးတာကတော့ ရောဂါပိုးရှိတဲ့မိခင်ကနေ ကလေးကို ကူးတာများတယ်” ဟု အသည်းအထူးကုသမားတော် ဒေါက်တာသံစစ်က ပြောသည်။

ရောဂါပိုးကူးစက်ခံထားရသူများမှာ ဆေးဝါးကုသမှုများဖြင့် ပုံမှန်ရှင်သန်နိုင်သော်လည်း အခြားသော နိုင်ငံများမှ နိုင်ငံတွင်းလာရောက် အလုပ်လုပ်မည့်သူများ၊ ပညာသင်မည့်သူများအား အသည်းရောင်အသားဝါပိုးမရှိမှသာ ပြည်တွင်းဝင်ရောက်ခွင့်ပြုထားသည်။

“အခုဆိုရင် နိုင်ငံတကာမှာ အခွင့်အရေးတွေရှိလာပေမယ့် ဘီပိုးရှိလို့ အလုပ်မရကြတာတွေ၊ ပိုးရှိနေလို့ ကျောင်းသွားမတတ်နိုင်တာတွေလည်း အများကြီးရှိလာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။

“အိမ်ထောင်ပြုသည့် အသက်အရွယ်တွေကို အိမ်ထောက်ဖက်ကို ပြောသင့်သလားဆိုပြီး တိုင်ပင်ကြတာတွေလည်း ရှိတယ်။ အချို့ဆိုလည်း အိမ်ထောင်ပြုပြီးမှသိသွားလို့ ပြဿနာတွေ တက်ကြတာတွေလည်းရှိတယ်” ဟု ဒေါက်တာသံစစ်က နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာကိုပြောသည်။

ဘီပိုးသည် မသန့်ရှင်းသော သောက်ရေ၊ မသန့်ရှင်းသည့် အစားအသောက်တို့မှ ကူးစက်တတ်သည့် ရောဂါ မဟုတ်သော်လည်း ဘီပိုးရှိသူများတွင် မသန့်ရှင်းသည့် အစားအသောက်ကြောင့် အသည်းရောင်အသားဝါ A, E ကဲ့သို့သော ပိုးများထပ်ဝင်လျှင် ရောဂါများရရှိပြီး ရောဂါအခံရှိသည့်သူများတွင် ရောဂါပိုးဆိုးသွားနိုင်ကြောင်းလည်း သတိပြုသင့်သည်။

ဘီပိုးကူးစက်ခံရပြီးနောက် အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ နုံးခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ချင်ခြင်း၊ အဆစ်နာခြင်း လက္ခဏာများပြသလေ့ရှိသော်လည်း ရောဂါကူးစက်ခံရသူ သုံးပုံတစ်ပုံနှင့် ကလေးသူငယ်များတွင် ထိုကဲ့သို့ ရောဂါလက္ခဏာ မပြသဘဲ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာများအဖြစ် ပြောင်းလဲသွားကြသည်။

ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူတစ်သန်းခန့် အသည်းရောင်အသားဝါဘီပိုး၏ နောက်ဆက်တွဲအသည်းရောဂါများဖြင့် သေဆုံးနေကြပြီး မြန်မာနိုင်ငံတွင်လည်း သေဆုံးမှု စာရင်းအတိအကျမရှိသော်လည်း World life expectancy ၏ တွက်ချက်မှုအရ မြန်မာသည် ကမ္ဘာပေါ်တွင် အသည်းရောဂါဖြင့် သေဆုံးနှုန်း နံပါတ် ၂ဝ နေရာတွင် ရှိနေသည်။

အသည်းရောင်အသားဝါဘီပိုးကို ကာကွယ်ရန် နည်းလမ်းအမျိုးမျိုးအနက် ကာကွယ်ဆေးထိုးခြင်းသည် အထိရောက်ဆုံး ကာကွယ်နိုင်မှုပင် ဖြစ်သည်။ ကာကွယ်ဆေးတစ်လုံး ကျပ် ၂ဝဝဝ မှ ၄ဝဝဝ ဝန်းကျင်ဖြင့် သုံးကြိမ်ထိုး၍ကာကွယ်နိုင်သည်။

ဘီပိုးကူးစက်မှုလျှော့ချနိုင်ရန် ပုဂ္ဂလိကအဖွဲ့အစည်းအချို့မှ ရည်မှန်းထားသည့် လူအနည်းငယ်အား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ၂ဝဝဝ ပြည့်နှစ်ကျော်မှ စတင်၍ ကလေးငယ်များ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသည်းရောင်အသားဝါဘီပိုးကာကွယ် ဆေးကိုပါ ထည့်သွင်းထိုးနှံမှုများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းက ဆေးဝါးထုတ်လုပ်သည့်စက်ရုံမှ ညွှန်ကြားရေးမှူး အငြိမ်းစားများ၊ အသည်းအထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်အသင်းမှ ဆရာဝန်များစသည်ဖြင့် ဖွဲ့စည်းထားသည့် အသည်းဖောင်ဒေးရှင်းတစ်ခုဖွဲ့စည်း၍ တရားဝင် မှတ်ပုံတင်ရရှိရန် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါဘီပိုး ကာကွယ်မှုများအတွက် ပထမဆုံးသော ဖောင်ဒေးရှင်းတစ်ခုလည်း ဖြစ်လာမည်ဖြစ်သည်။

မှတ်ပုံတင်ပြီးပါက ကမ္ဘာ့အသည်းရောင် မဟာမိတ်အဖွဲ့ (World Hepatitis Alliance) ကဲ့သို့ အဖွဲ့များနှင့်ဆက်စပ်ပြီး ပြည်တွင်းတွင် ရောဂါကူးစက်မှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အဆိုပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခု ၁ဝ ရာခိုင်နှုန်းဆိုတာကလည်း လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က စာရင်းတွေ။ အခု ဘယ်လောက်အထိ ကူးစက်နေလဲဆိုတဲ့ စာရင်းမရှိဘူး။ ဖြစ်ပွားနှုန်းကိုသိမှ တားဆီးနိုင်မယ်။ ရည်မှန်းချက်တစ်ခုထားပြီး လျှော့ချနိုင်မယ်။ ပြီးတော့ တစ်ဦးချင်းကာကွယ်လို့ရတယ်ဆိုတဲ့အကြောင်း ပညာပေးတွေလုပ်နိုင်ဖို့ နိုင်ငံတကာအသည်းဖောင်ဒေးရှင်းတွေနဲ့ ချိတ်ဆက်ဖို့လုပ်မှာပါ” ဟု ထို အဖွဲ့တွင်ပါဝင်သည့် အသည်းအထူးကုဆရာဝန်တစ်ဦးက ပြောသည်။

ရောဂါဖြစ်ပွားလာလျှင် ပျောက်ကင်းအောင် ကုသနိုင်ရန်ခဲယဉ်းပြီး နှစ်ရှည်လများ ဆေးသောက်ကာ အမြဲမပြတ် ဆေးထိရောက်မှုရှိ၊ မရှိနှင့် ပိုးကောင်ရေစစ်ဆေးရခြင်းလုပ်ငန်းများသည် ငွေကြေးကုန်ကျမှုလည်း များပြားသည်။

“ဆေးတွေ၊ အသည်းအားဆေးတွေနဲ့ တစ်လတစ်လကို အနည်းဆုံး သောင်းဂဏန်းကနေ သိန်းဂဏန်းလောက်ကုန်တယ်” ဟု ဒေါ်မီမီက ပြောသည်။

ကူးစက်နိုင်သည့် ရောဂါဖြစ်သည့်အတွက် ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရမှုလည်း ခံစားကြရပြီး တကယ်တမ်း ဘီပိုးသည် ကာကွယ်နိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ ရောဂါပိုးရှိသူများမှာ သွေးစသွေးနစွန်းနိုင်သည့် ပစ္စည်းများအား သီးသန့်အသုံးပြုခြင်းများ၊ ရောဂါရှိသူနှင့် အိမ်ထောင်ပြုရန် စီစဉ်ထားသူများမှာလည်း အချိန်ယူပြီး ကာကွယ်ဆေး သုံးကြိမ်ထိုးပြီး သီးသန့်အသုံးအဆောင်လေးများဖြင့် အခြားသူများသို့ ရောဂါပိုးမကူးစက်စေရန် ကာကွယ်နိုင်ကြသည်။

အပြည့်အဝကာကွယ်ပေးနိုင်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီး လူအများကို ကာကွယ်ဆေးထိုးနှံပေးခြင်းသည် အသည်းရောင် အသားဝါဘီပိုးကူးစက်မှုလျှော့ချရာတွင် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။

“ကုသနိုင်တဲ့ဆေးက ရောဂါပျောက်ဖို့မလွယ်ဘူး။ ပိုးကောင်ရေ မများလာအောင်သာ ထိန်းသိမ်းနိုင်မယ်။ တစ်သက်လုံးဆေးသောက် နေရမယ်။ တစ်လကို လေး၊ငါးသောင်းလောက်ကျတော့ အများစုက မကုသနိုင်ဘူး” ဟု ဒေါက်တာသံစစ်က ပြောသည်။

လက်ရှိလုပ်နိုင်သည့် ပညာပေးလုပ်ငန်းများတွင် ရေဒီယို၊ ကျန်းမာရေးစာစောင်များ၊ ရုပ်သံမီဒီယာများတွင် အသည်းရောင် အသားဝါနှင့် ပတ်သက်၍ ဆောင်းပါးအမျိုးမျိုး ရေးသားကာ အများပြည်သူဖတ်ရှုပြီး သတိပြုမိစေရန်သာ ဆောင်ရွက်နေ၍ ထိရောက်မှုလည်းရှိနေကြောင်း သိရသည်။

ထို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းရှိ အသည်းရောင်အသားဝါဘီပိုး ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများတွင် လုံလောက်သည့် ဆေးဝါးထုတ်လုပ်ပြီး ရောဂါကူးစက်နိုင်သည့် အခွင့်အရေးရှိသူများ ကာကွယ်ဆေးထိုးခြင်းကို တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ခြင်းဖြင့်သာ ရောဂါကူးစက်မှုကျဆင်းနိုင်မည်ဖြစ်ကြောင်း အကြံပေးပြောကြားကြသည်။

“ထိရောက်တဲ့ ကာကွယ်မှုလည်းမရှိဘူး။ ဖြစ်လာရင်လည်း တစ်သက်လုံး မကုသနိုင်ဘူးဆိုရင်တော့ ပိုးတွေ ဆက်ကူးဖို့ပဲရှိတော့တာပေါ့။ ကိန်းဂဏန်းအတိအကျမရှိပေမယ့် ဒါတွေကြည့်ပြီး ကူးစက်ဖို့ ပိုများလာနိုင်တယ် ဆိုတာကတော့ သေချာတယ်” ဟု ဒေါက်တာသံစစ်က ပြောသည်။

ရေးသားသူ- ဝတ်ရည်အောင် - 7Day News Journal

Read more...

Nails and Health လက်သည်းကပြောပြနေတဲ့ ကျန်းမာရေး

မျက်လုံးဟာ လူ့ဝိဥာဉ်ရဲ့တံခါးပေါက်လို့ တင့်စားသလိုဘဲ လက်သည်းခြေသည်းကလဲ အတူတူဘဲလို့ အရေပြားအထူးကု ဆရာဝန်တွေက ဆိုကြတယ်။ ဖတ်တဲ့သူ စိတ်ဝင်စားအောင် တမင်ပြောတာ မဟုတ်ပါ။ လူနာ လက်သည်းအရောင် ကြည့်ပြီး ဆေးအစစ်ခိုင်းတော့ အဆုပ်ထဲမှာ အရည်အောင်းနေတာ တွေ့နိုင်ပါတယ်။ အသဲရောင်ရောဂါ၊ နှလုံးရောဂါရှိတာကိုပါ လက်သည်းကနေဖေါ်ပြေနေနိုင်တယ်။ ဖန်းဂတ်စ် (မှို) ပိုးနဲ့ သွေးအားနည်းတာဆိုရင်လဲ ကြည့်တာနဲ့ တန်းသိပါတယ်။ အတွင်းထဲက ရောဂါဝေဒနာကို သဲလွန်းအဖြစ် ဆရာဝန်တွေက သုံးပါတယ်။ ဥပမာ (လူးပတ်စ်) ရောဂါ ဖြစ်နေသူမှာ သူများနဲ့မတူတဲ့သွေးကြောလေးတွေကို လက်သည်းအခြေမှာ မြင်နိုင်တယ်။ ပျောက်နိုင်ခဲလှတဲ့ (ဆိုရီယေးဆစ်) ရောဂါရှိနေရင် ၁ဝ% မှာ လက်သည်း ကွဲနေ ခွက်နေတာမြင်နိုင်တယ်။ လက်သည်းခြောက်နေ၊ ကြွတ်ဆတ်နေပြီး ကွဲအက်လွယ်နေရင် လည်ပင်းကြီးရောဂါလား စစ်ဆေးရမယ်။


၁။ Pale Nails ဖြူရော်ရော်
• Anemia သွေးအား (သံဓါတ်) နည်း၊
• Congestive heart failure နှလုံးရောဂါ၊
• Liver disease အသဲရောဂါ၊
• Malnutrition အာစာရချို့တဲ့ရောဂါ၊


၂။ White Nails လက်သည်းဖြူ
• Hepatitis အသည်းရောင်၊ ပုံထဲမှာ ဝါနေတာကိုလည်းမြင်ရတာဟာ (ဂျွန်းဒစ်) အသာဝါပါဖြစ်နေလို့။


၃။ Yellow Nails ဝါပြီး အခြေမှာ ခပ်ပြာပြာ
• Diabetes ဆီးချို
• Fungal infection ဖန်းဂတ်စ် မှိုရောဂါ၊ ပိုဆိုးလာရင် အခေကြတိုဝင်ပြီး လက်သည်းတွေထူမယ်၊ ကွာချလွယ်မယ်။
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Lung disease အဆုပ်ရောဂါ၊
• Psoriasis (ဆိုရီယေးဆစ်) နှင်းကူနဲ့ဆင်တဲ့ရောဂါ။


၎။ Bluish Nails လက်သည်းပြာ
• Oxygen အောက်စီဂျင်နည်းနေခြင်း၊ အသက်မရှူခြင်း၊ အသက်ရှူမဝခြင်း၊
• Pneumonia နူမိုးနီးယား၊
• Heart problems နှလုံးမကောင်းခြင်း။


၅။ Rippled or pitted Nails ဖေါင်းကြွလက်သည်း
• Psoriasis (ဆိုရီယေးဆစ်) နှင်းကူနဲ့ဆင်တဲ့ရောဂါ။
• Inflammatory arthritis အဆစ်ရောင်ရောဂါ၊


၆။ Cracked or Split Nails ကွဲအက် လက်သည်း
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Fungal infection ဖန်းဂတ်စ် မှိုရောဂါရှိနေရင် ကွဲအက်တာအပြင် ခပ်ဝါဝါနေမယ်။


၇။ Puffy Nail Fold ရောင်နေတဲ့လက်သည်း
• inflammation of the nail fold လက်သည်းအခြေရောင်ရမ်းနေခြင်း၊ နီနေတာလဲ မြင်ရမယ်။
• Lupus (လူးပတ်စ်) တွယ်ဆက်တစ်ရှူးရောဂါ၊


၈။ Dark Lines လက်သည်းအောက်ထဲမှာ အနက်ရောင်မျဉ်း
• Melanoma အရေပြားကင်ဆာ။


၉။ Gnawed Nails မလှမပလက်သည်း
• Nails biting လက်သည်းကိုက်တတ်တဲ့အကျင့်၊
• Anxiety စိုးရိမ်စိတ်ကဲနေခြင်း၊


၁ဝ။ Nails Are Puzzle ကျန်းမာရေးပဟေဠိ
လက်သည်းမှာ တခုခုထူးခြေားနေရင် ကိုယ်ထဲမှာ ဘာဖြစ်နေသလဲ ဆေးစစ်သင့်တယ်။ Dermatologist အရေပြားအထူးကုဆရာဝန်ပြပါ။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၃

Read more...

Tuesday, May 28, 2013

Spasmo Proxyvon စွဲတဲ့ဆေးတမျိုး

၂၅-၅-၂ဝ၁၃ “နောင်ပိုအောင်ကျေးရွာ မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်ရေးနှင့် ဆေးစွဲလူငယ်များ ဆေးဖြတ် ကျမ္မာရေးကိစ္စ” ဆိုတဲ့ သတင်းကိုကြည့်တော့ ရာဘ (ယာဘ၊ ယာမ၊ ယာဘ) ဆေးပြားနဲ့ အပြောရောင်ဆေးတောင့်ကပ်ပုံကိုလဲ တွေ့ရလို့ ဒီစာလေး ရေးပါတယ်။ အပြာရေင်ဆေးကပ်ဟာ Spasmo Proxyvon (စပတ်စ်မို ပရောက်စီဗွန်) ဆေးဖြစ်ပါတယ်။

• ဆေးတပြား-တတောင့်မှာ Dicyclomine hydrochloride 10 mg + Acetaminophen 400 mg နဲ့ Proproxyphene napsylate 100 mg ပါတယ်။
• Antispasmodics အတွင်းအင်္ဂါတွေ ညှစ်လို့ ရစ်ရစ်ပြီး နာတာကို သက်သာစေတဲ့ဆေးအမျိုးအစားဖြစ်တယ်။ အများအားဖြင့် အစာလမ်းက အူကနေတာစေတာကို သက်သာစေမယ်။
• Dicyloverine ပါပြီး ဒါကို Synthetic anticholinergic လို့ခေါ်တယ်။ ကြွက်သားတွေမှာရှိတဲ့ အာရုံကြောတွေကို သက်ရောက်စေရာကနေ နာတာကိုသက်သာစေတယ်။

ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးက မဆိုးလှပါ။ ပျို့ချင်တာ၊ အာခေါင်ခြောက်တာဖြစ်နိုင်တယ်။ တချို့မှာ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ စိတ်ရှုတ်ထွေးမယ်။ ပေးရမဲ့ဆေးအဆထက်များရင် စိတ်လှုတ်ရှားမှုတိုးလာမယ်၊ သူများမမြင်မကြားတာတွေ မြင်ကြားလာမယ်။ စိတ်ကယောင်ခြောက်ခြားဖြစ်မယ်။ ဒီသတ္တိအတွက် မူးယစ်ဆေးသဘော သုံးနေကြတာဖြစ်တယ်။ ဆေးစွဲစေမယ်။ ကျန်းမာရေးနောက်ဆက်တွဲတွေလာဖြစ်မယ်။

ကလေးနို့တိုက်နေသူတွေမသုံးရဘူး။ ကိုယ်ဝန်မှာသုံးလို့ အထဲကကလေးမှာ ဘာဖြစ်မလဲ တိတိကျကျတော့ ပြောမရသေးဘူး။ ကိုယ်ဝန်နုချိန်ဆိုရင်တော့ ပိုတိုးနိုင်တယ်။ ကားမောင်နေတုံး မသောက်သင့်ဘူး။ အစာလမ်းကြောင်း ပိတ်နေသူတွေသောက်မိရင် ပိုဆိုးမယ်။ ကိုယ်အလေးချိန်နဲ့ချိန်ဆပေမဲ့ အသက်ငယ်လွန်းတဲ့ကလေး (၆ လအောက်) မပေးရပါ။ Hyperthyroidism လည်ပင်းကြီးရောဂါ၊ Hypertension သွေးတိုးရောဂါ၊ Urinary retention ဆီးမသွားနိုင်သူ၊ Renal or Heart failure ကျောက်ကပ်-နှလုံး မကောင်းသူတွေဆိုရင် သတိထားပေးရမယ်။

ဆရာဝန်ဆရာမတွေထက် ဆေးထိုးကျွမ်းကျင်သူတွေဟာ မူးယစ်ဆေးစွဲသူတွေဖြစ်တယ်။ တလောက ဆေးခန်းလေးကို ဒူးကောက်ကွေးနေရာမှာ အနာတွေဖြစ်လို့ လာပြတဲ့ လူရွယ်တယောက်ကို သောကတွေ ဒုက္ခတွေ မျိုသိပ်ထားရမှန်း အကဲခတ်လို့ရတဲ့ မိခင်ကနေခေါ်လာပါတယ်။ ပွင့်ပွင့်လင်းလင်းလဲ ဆရာမကနေတဆင့်ပြောပါတယ်။ Spasmo Proxyvon ဆေးကို ရေနဲ့ဖျော်ပြီး သွေးကြောထဲထိုးရာကနေ မပျောက်နိုင်တဲ့အနာတွေလို့ သိရပါတယ်။

ဒီဆေးကို တနေ့မှာ ၂-၄ တောင့်သောက်ရင် ဘာဖြစ်လာမလဲ
ဆေးစွဲသူတေယောက်ရဲ့အဖြေ
• ၂-၃ တောင့်သောက်တာနဲ့ အစမှာ High (ဟိုင်း) ဖြစ်နေတာ မသိသာသေးပါ။
• ၃-၄ တောင့်သောက်လိုက်ရင် ၁၅-၃ဝ မိနစ် အကြာမှာ ဖြစ်လာပြီး Euphoric ဘာမဆို အကောင်းချည်းသာ ထင်မြင်လာတယ်။
• ဘာတခုမှ ဂရုမစိုက်တော့ဘူး။ အရင်က မလုပ်ဘူးတာတွေ လျှောက်လုပ်လာတယ်။ သီချင်းစပ်၊ ကဗျာရေး၊ စာရေး၊ ပန်းချီရေး ထူးတာတွေ လုပ်လာမယ်။ နာရီတွေကြာလာတော့ ဒုံရင်းပြန်ရောက်မယ်။
• နောက်ထပ်လုပ်ချင်စိတ်ရှိလာမယ်။ ဆေးရအောင်ရှာမယ်။ ဆက်မယ်။ ဖြစ်တာပျက်တာတွေထပ်လာမယ်။ ကြာတော့ ဆေးတိုးချင်လာမယ်။ ဒါကိုဘဲ တမ်းတလာမယ်။ စွဲလာမယ်။
• ဖြတ်ချင်စိတ်ပေါ်လာလဲ ကိုယ့်စိတ်ကို မနိုင်တော့ဘူး။ ဆေးမရရင် စိတ်ဓါတ်ကျလာမယ်။ အိပ်မရ၊ စားမဝင်ဖြစ်လာမယ်။ အရိုးထဲကအထိကိုက်ခဲလာတယ်။
• ဆေးမရရအောင်လုပ်မယ်။ တောင်းမယ်၊ ခိုးမယ်၊ လုမယ်။ လူမှုရေးမှန်သမျှ အားလုံးထိခိုက်ပျက်စီးလာတယ်။ ဒီဆေးသာလျှင် ကိုယ့်သခင်၊ ဒီဆေးသည်သာ ကိုယ့်ဘုရားလို့ ထင်လာတော့တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၃

Read more...

Thursday, May 23, 2013

ဘယ်သူတွေက ဘယ်လိုကုသနေမှန်းမသိတဲ့ ဆေးခန်းတွေ

၂၂ မေ ၂ဝ၁၃ ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။ တစ်မျိုးသားလုံးအတွက် အရေးကြီးလို့ပါ

သည်တစ်ပတ်ဖြင့် ပုံမှန်ဆောင်းပါး မရေးတော့ဘဲ အပြည့်အဝ အနားယူလိုက်မယ်လို့ စိတ်ကူးထားတာ မရေးမဖြစ် ရေးချင်စိတ်ပေါ်လာအောင် စေ့ဆော်ပေးတဲ့ အကြောင်းတစ်ခုကြောင့် ရေးဖြစ်သွားပါတယ်ခင်ဗျာ။ အကြောင်းက ကျွန်တော် အများဆုံးရေးလေ့ရေးထရှိတဲ့ နိုင်ငံရေး အကြောင်းအရာ မဟုတ်ဘဲ ပြည်သူ့ကျန်းမာရေး ဖြစ်ပေမယ့် တစ်မျိုးသားလုံးအတွက် အရေးကြီးတယ်လို့ ယုံကြည်တဲ့အတွက် အလေးထားပြီး ရေးသားလိုက်ရပါတယ်။

မီဒီယာတွေက ပြောခဲ့ပေါင်းများပြီ
မီဒီယာတွေမှာ သည်အကြောင်းအရာကို ဖွင့်ချဖော်ထုတ်ရေးခဲ့တာတွေလည်း ဖတ်ဖူးပါတယ်။ တစ်ချိန်တည်းမှာ စောင်ရေကောင်းလှသော မီဒီယာကြီးအချို့မှာကို သူတို့ရဲ့ ဆေးခန်းကြော်ငြာကြီးတွေနဲ့ မစားရဝခမန်း အလိမ်အညာ ရေးသားချက်တွေကို အပတ်တိုင်း တွေ့နေရပါတယ်။ ကြော်ငြာအား ကောင်းကောင်းနဲ့ ဆက်တိုက် ဖိထားလေတော့ စောစောက မီဒီယာလေးတွေမှာရေးခဲ့တဲ့ အဲဒီ မသမာဆေးခန်းတွေအကြောင်းက စာဖတ်ပရိသတ်များများ မဖတ်မိလိုက်ဘဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကုန် ပါလေရော။

ကျွန်တော်က ကိုယ်တိုင်ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသ ခံယူနေရသူဖြစ်လို့ ရောဂါဝေဒနာရှင်များကို ကိုယ်ချင်းစာနာမိပါတယ်။ မိမိမှာ စွဲကပ်နေတဲ့ ရောဂါကို အမြန်ပျောက်ကင်း ချမ်းသာလိုတယ်။ ဖြစ်နိုင်ရင် ဥုံဖွမန်းမှုတ်လိုက်ရုံနဲ့ ပျောက်တယ်ဆိုရင်လည်း မန်းမှုတ်ခံလိုက်ချင်တာပဲ။ ဘယ်က ဆရာကတော့ ဆေးတောင်ဝှေးနဲ့ တို့လိုက်ရုံနဲ့ ပျောက်ကရောဆိုလည်း ပျောက်ချင်ဇောနဲ့ ပြေးသွားချင်တာပဲ။

လူနာကို စကားပြန်နဲ့ပြောရတယ်
သည်လိုအချိန်မျိုးမှာ နိုင်ငံရေးပွင့်လင်းလာချိန် အသွင်ကူးပြောင်းရေး ကာလကို အခွင့်ကောင်းယူပြီး သည်ဆေးခန်းတွေ သည်လူတွေ ပေါ်လာတာ ဖြစ်ပါတယ်။ သူတို့ဟာ လူဝါမျိုး နိုင်ငံခြားသားတွေဖြစ်ပြီး လူနာတွေကို စကားပြန်နဲ့ ပြောရပါသတဲ့။ ရောဂါမပျောက်ရင် ဆေးဖိုးဝါးခတွေအားလုံး ပြန်လျော်မယ်လို့ ကြော်ငြာမှာ လိမ်ညာကြော်ညာထားပေမယ့် ဘာမှ ထပ်မံ ပြောဆိုခွင့်မရကြပါဘူး။ ဆေးပေးခနဲ့ ဆေးဖိုးက မြန်မာငွေ သိန်းချီပြီး ယူပါတယ်။ မီဒီယာတချို့က တာဝန်သိသိနဲ့ အဲဒီမသမာဆေးခန်းတွေ အကြောင်း၊ စကားပြန်နဲ့ ပြောရတဲ့ ဆေးဆရာဆိုသူတွေအကြောင်းကို ရေးခဲ့ကြတာ ကြာပါပြီ။ သို့ပေမယ့် ဘာတစ်ခုမှ စစ်ဆေး အရေးယူမှုပြုလုပ်တယ်ဆိုတာ မကြားမသိရပါဘူး။ တရားဥပဒေ စိုးမိုးရေးလက်တံက အဲဒီ ဆေးခန်းတွေဆီ မရောက်ဘူးထင်ပါ့ဗျာ။

ဒေါက်တာမြသိန်းဟန်နှင့်တွေ့ဆုံခန်း
ခုတော့ တာဝန်သိ မီဒီယာတစ်ခုဖြစ်တဲ့ မော်ဒန်ဂျာနယ် (၁၇ မေ ၂ဝ၁၃)မှာ သတင်းထောက် ဟေမာန်ညီညီရဲ့ အမြစ်ပြတ်ကုသည်ဆိုတိုင်း ယုံသင့်သလား၊ ရင်ခေါင်းနှင့် အထွေထွေ ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဒေါက်တာ မြသိန်းဟန်နှင့် တွေ့ဆုံခြင်းဆိုတဲ့ မျက်နှာပြည့် အင်တာဗျူး ဆောင်းပါးဖတ်လိုက်ရလို့ မော်ဒန်ကို အထူးကျေးဇူးတင်လျက် ကျွန်တော့် ပြည်သူ့ခေတ်ကော်လံကပါ စာဖတ်ပရိသတ် မြန်မာ တိုင်းရင်းသားပြည်သူများထံ ထပ်ဆင့် နှိုးဆော်လိုက်ပါရစေ။

သည်ကိစ္စဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ သတိပေးနှိုးဆော်မှုဟာ မီဒီယာကြီးတချို့မှာ မျက်နှာပြည့် မျက်နှာဝက် ကြော်ငြာကြီးတွေနဲ့ ဖိထားတဲ့အောက်မှာ သက်ငယ်ချောင်းနဲ့ ခေါင်းလောင်း ထိုးရသလိုများ ဖြစ်သွားလေမလားလို့ အားငယ်မိပါတယ်။

သို့ပေမယ့် ပြည်သူ့ခေတ်ဂျာနယ်ဖတ်တဲ့ ပရိသတ်၊ ကျွန်တော့် ပင်တိုင်ဆောင်းပါး ပုံမှန်ဖတ်တဲ့ ပရိသတ်များကို ရွှေပေလွှာဆရာတွေလိုပဲ ပန်ကြားလိုတာက သည်ဆောင်းပါးဖတ်ပြီးတဲ့အခါ စကားစပ်မိသမျှ မိတ်ဆွေ သင်္ဂဟများကို လက်ဆင့်ကမ်း သတင်းပေးကြဖို့ ဖြစ်ပါတယ်။

စီးပွားရေးတင်မကဘူးထင်မိတယ်
ဒါဟာ မသမာစီးပွားရေးသမားတချို့ရဲ့ လုပ်ရပ်သာ ဖြစ်နိုင်ပါတယ်၊ သိပ်လည်း အတွေးမခေါင်ပါနဲ့လို့ ပြောချင်လည်း ပြောကြပါတော့။ ကျွန်တော်ကတော့ သည်လောက် ငွေကြေးရော၊ သြဇာအာဏာရော ပုံအောပြီး မြန်မာတိုင်းရင်းသား ပြည်သူတွေရဲ့ ပြည်သူ့ကျန်းမာရေးကို ဘက်စုံ ထိခိုက်အောင်၊ လမ်းလွဲရောက်အောင် ထိထိရောက်ရောက် လုပ်လာနေ တာဟာ စီးပွားရေး ရည်မှန်းချက်လောက် မကဘူးလို့ ထင်တယ်ဗျ။ အနောက်နိုင်ငံတွေကို စားသောက်ကုန်တွေပို့ရင် စည်းမဲ့ကမ်းမဲ့မလုပ်ရဲပေမယ့် နယ်စပ်ကနေ မြန်မာနိုင်ငံကို ပို့တဲ့စားသောက်ကုန်တွေကျတော့ တမြေ့မြေ့ သေစေနိုင်တဲ့ အဆိပ်အတောက်ပါတာတွေကို ဈေးပေါပေါနဲ့ ပို့တတ်တဲ့ ရာဇဝင်ရှိသူ သည်လူတွေကို သတိထားနိုင်မှ တန်ကာကျမယ်လို့ ကျွန်တော်က အလေးအနက် သတိပေးချင်တယ်ဗျာ။

ကိုင့်း ဆရာကြီး ဒေါက်တာ မြသိန်းဟန်က မော်ဒန်ဂျာနယ်ကို သူ့ကိုယ်တွေ့ ပြန်ပြောတာတွေထဲက သိသင့်တာလေးတွေ ထပ်ဆင့်ဝေမျှ ပေးလိုက်ပါတယ်။

သုံးတဲ့စက်တွေကြည့်ခွင့်မပေး
ဆရာ့အနေနဲ့ လိပ်ခေါင်းရောဂါ၊ ရင်သား ခွဲစိတ်ကုသတာတွေ လုပ်တဲ့အတွက် သူတို့ရဲ့ ကုသနည်းတွေ ကောင်းရင် လူနာတွေကို လွှဲပေးချင်တဲ့ ဆန္ဒရှိလို့ ဆရာကိုယ်တိုင် သွားလေ့လာတယ်။ ဆေးခန်းတစ်ခုကို ဆရာသွားပြီး ကျွန်တော်က ဆရာဝန်ပါ၊ ကုသတာကောင်းရင် လူနာတွေကို ပို့ချင်လို့ ဆေးကုသတာ ကြည့်ချင်တဲ့အကြောင်း၊ သုံးတဲ့စက်တွေကို ကြည့်ချင်တဲ့အကြောင်း ပြောတယ်။ သူတို့က ကြည့်ခွင့်မပေးဘူး၊ ပွင့်လင်းမြင်သာမှုမရှိဘူး၊ ဘယ်လိုနည်းနဲ့ ဆေးခန်းလိုင်စင်ရနေသလဲမသိ။

မေး။ အဲသည်ဆေးခန်းတွေက ဆေးခန်းဖွင့်ခွင့်လိုင်စင် ရှိလားဆရာ။
ဖြေ။ ဆေးခန်းဖွင့်ခွင့်လိုင်စင် ရှိမရှိကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊အလိုက် ဆေးရုံ ဆေးခန်း ကြီးကြပ်ရေးကော်မတီကနေ သွားစစ်ဆေးတယ်။ တချို့ ဆေးခန်းတွေမှာ ဆေးခန်းဖွင့်ခွင့် လိုင်စင်မရှိဘူး။ လိုင်စင်ရမှ ဖွင့်ဖို့ ပြောပြီး ခဏပိတ်ထားခိုင်းလိုက်တယ်။ အဲသည်လို ပိတ်ထားခိုင်းချိန်မှာပဲ အလားတူ ဆေးခန်း သုံးလေးခု ပေါ်လာတယ်။ လိုင်စင်ရနေတယ်။ သူတို့ ဘယ်လိုနည်းနဲ့ရလဲ မသိဘူး။ လိုင်စင်နဲ့ဖွင့်နေတာတွေကော လိုင်စင်မရှိဘဲ ဖွင့်နေတာတွေပါ တွေ့နေရတယ်။

ဆေးကောင်စီကိုလည်း မလာဘူး
ဆေးကောင်စီက အနောက်တိုင်းဆေးပညာအတွက် လိုင်စင် ထုတ်ပေးတာ။ အခုဟာက ဆရာတို့နဲ့ ပတ်သက်တဲ့ ဆေးပညာ မဟုတ်ဘူး။ အနောက်တိုင်းရော တိုင်းရင်းဆေးရော အားလုံးပေါင်းပြီး မဆီမဆိုင် စာလုံးတွေနဲ့ ရေးပြီး ကြောငြာထားတာ။ ဆရာတို့လို ဆေးပညာရှင်တွေ နားမလည်နိုင်အောင် ရေးထားတာ။ နိုင်ငံခြားသားဆရာဝန်က အနောက်တိုင်း ဆေးပညာနဲ့ မြန်မာနိုင်ငံမှာ ကုချင်ရင် ဆေးကောင်စီကို လျှောက်ထားရတယ်။ ဆေးကောင်စီက ဆေးကုသခွင့်လိုင်စင် ပေးသင့်မပေးသင့် စဉ်းစားတယ်။့ အခုဆေးခန်းတွေက ဆရာတို့ ဆေးကောင်စီကိုလဲ မလာဘူး။

မီဒီယာကကြော်ငြာတွေ
သည်လိုဆေးခန်းတွေရှိနေတာကို မီဒီယာတွေကတစ်ဆင့် ပြည်သူတွေသိရတာ များတယ်။ မီဒီယာတွေကို သည်လို ကြော်ငြာတွေ မထည့်ပါနဲ့လို့ မပြောလိုပါဘူး။ ဒါပေမယ့် အထောက်အထား ခွင့်ပြုချက် ယူပြီးမှလုပ်ရင် ပိုပြီး ပြည်သူကို ကာကွယ်ပေးရာရောက်မယ်။ ပြောင်းလဲလာတဲ့ အခုလိုအချိန်မှာ ပြည်သူကို ကူညီပံ့ပိုးရမယ့်အစား စီးပွားရေးသမားတွေကို အားပေးသလို ဖြစ်နေတာမျိုး မဖြစ်စေချင်ပါဘူး။

ဆရာကြီးဒေါက်တာ မြသိန်းဟန်က တာဝန်သိ ဆရာဝန်ကြီး တစ်ယောက်အနေနဲ့ရော၊ တာဝန်သိ ပြည်သူတစ်ယောက် အနေနဲ့ရော လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့တယ်ဆိုတာ မော်ဒန်ဂျာနယ်ရဲ့ အင်တာဗျူးမှာ အထင်အရှားတွေ့ရပါတယ်။ အဲဒီ နိုင်ငံခြားသားဆရာဆိုသူတွေ စကားပြန်နဲ့ ရမ်းကုလုပ်နေတဲ့ ဆေးခန်းတွေမှာ ငွေသိန်းနဲ့ချီပေးခဲ့ရပြီး ဘာရောဂါမှ မပျောက်သူ လူနာတွေက ဆရာကြီးဆီလာရောက်တိုင်ပင်တဲ့အခါ သိရတာတွေကိုလည်း ပြောပြထားပါတယ်။

ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ သည်မသမာသူတွေရဲ့ လုပ်ရပ်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ၊ ဥပဒေပိုင်းဆိုင်ရာတွေက အဂတိတရားကင်းကင်းနဲ့ တားမြစ်အရေးယူဖို့လိုသလို ပြည်သူတွေအပိုင်းကလည်း သူတို့ ကြော်ငြာကောင်းတိုင်း မယုံကြပါနဲ့၊ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြပါ၊ တတ်သိနားလည်တဲ့ မြန်မာဆရာဝန်ကြီးများနှင့် တိုင်ပင်ပြီးမှ ကျန်းမာရေးဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ချင်ပါကြောင်း။

(မောင်ဝံသ)
maungwuntha@gmail.com
၁၉-ဝ၅-၂ဝ၁၃

Read more...

Wednesday, May 22, 2013

Lichen Planus of the Mouth ပါးစပ်နာတမျိုး

Wed, May 22, 2013 at 11:38 AM ပုံမှာ ရေးထားတာဘာရောဂါလဲဆရာ။ ဘာကြောင့်ဖြစ်တာလဲ။ ကူးတက်လား။ ကျွန်တော့်ကောင်မလေးကို ကူးမှာစိုးလို့ပါ။ ဘယ်လိုကုရမလဲ ။နှုတ်ခမ်း အာခေါင်ဘေးနဲ့ လိမ်တံထိပ်ဖူးအောက်မှာဖြစ်ပါတယ်။ အဖြူအစိလေးများလိုဖြစ်ပြီး ယားလဲမယား နာလဲမနာပါ၊ အမြန်ပြန်ဖြေပေးစေခြင်ပါတယ်။

နာတာရှည်ရောဂါဖြစ်တယ်။ အဖြူစက်လေးတွေ၊ မျဉ်းကြောင်းလေးတွေလို ပေါက်နေမယ်။ ဇာပန်းထိုးထားသလို၊ အဖြူရောင်၊ အထက်ကိုနည်းနည်းကြွနေတဲ့ အကွက်လေးတွေမြင်ရမယ်။ အနီကွက်လဲဖြစ်နိုင်တယ်။ ရောင်ပြီး နာနေမယ်။ အနာလဲဖြစ်နိုင်တယ်။ ပါးစပ်ထဲမှာ ပါးစောင်၊ သွားဖုံး၊ လျှာ၊ နှုတ်ခမ်း၊ အာခေါင်နေရာတွေမှာဖြစ်တယ်။ မျက်စိ၊ အစာမြိုပြွန်၊ နားမှာလဲဖြစ်နိုင်တယ်။ ဦးခေါင်းခွံနဲ့လက်သည်းတွေမှာလဲ ဖြစ်နိုင်တယ်။

အရေပြားမှာဖြစ်တာထက် ပါးစပ်မှာဖြစ်တာက ပိုပြီး အကုရခက်ပါတယ်။ ကံဆိုးကံကောင်းပြောရမှာကတော့ ပြဿနာ ဖြစ်တာ နည်းပါတယ်။ ပါးစပ်မှာ ဖြစ်နေသူတွေရဲ့ ၃ ပုံ ၁ ပုံလောက်က အရေပြားမှာပါတွဲဖြစ်နေတတ်ပြီး အမျိုးသမီးတွေမှာ ဆိုရင် မွေးလမ်းကြောင်းမှာပါ တွဲဖြစ်နေတတ်တယ်။

ရောဂါသေချာအောင် အသားစဖြတ်ပြီး မှန်ဘီလူးနဲ့စစ်တာလုပ်ရတယ်။ မှို (ဖန်းဂတ်စ် = ရိစ်) ပိုးနဲ့လဲ တွဲဖြစ်နေတတ်တယ်။ အဲလိုဖြစ်နေရင် အဲဒါကိုအရင်ကုပါ။ ရွှေ၊ ပြဒါးတို့နဲ့ မတည့်တာ (အလာဂျီ) ဖြစ်တာနဲ့ ဆင်တူတတ်တယ်။ ဆိုးတာ ဖြစ်နေတာတောင်မှ ခံတွင်းကင်ဆာဖြစ်နိုင်ခြေဟာ မဖြစ်သူတွေထက် သိသာပြီးမများတတ်ပါ။

ဘာလို့ဖြစ်သလဲ အတိအကျ မသိပါ။ ဆေးလိပ်၊ ကွမ်းယာသမားတွေမှာ အဖြစ်ပိုနိုင်တယ်။ အသဲရောင် (စီ) နဲ့ အသဲရောဂါ၊ အသဲရောင် (ဘီ) ကာကွယ်ဆေး၊ Ibuprofen, Naproxen ဆေးတွေ၊ အလာဂျီရစေတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။

ဘာမှတော့ အနေရခက်တာမရှိဘူး။ ဖြစ်လာရင် အနာဖြစ်ပြီး နာတာကိုခံစားရနိုင်တယ်။ အနာဖြစ်လာချိန်မှာ ပူလောင်နေနိုင်တယ်။ အရသာပျက်နိုင်တယ်၊ အပူအစပ်ကို မခံနိုင်ဖြစ်မယ်။ သွေးထွက်နိုင်တယ်။

Symptomatic treatments ရောဂါလက္ခဏာကုကုသခြင်း၊
• ဘာမှမခံစားရရင် ဘာဆေးမှမလိုပါ။
• Corticosteroids (ကော်တီကိုစတီရွိုက်) ဆေး ပေးလေ့ရှိတယ်။ ရောင်တာလျှောမယ်၊ နာတာသက်သာမယ်။ ခံစားရတာသက်သာမယ်။ ဒီဆေးကို mouthwash ပါးစပ်ဆေး ဆေးရည်၊ ointment လိမ်းဆေး၊ gel ဂျဲလ်၊ pill ဆေးပြား အနေနဲ့လာတယ်။
• Retinoids ဗီတာမင် (အေ) လဲပေးနိုင်တယ်။ ကိုယ်ဝန်ဆောင်စဉ် ရှောင်သင့်တယ်။
• Immune response medicines ခုခံအားလျှော့ဆေး၊ အထူးသတိနဲ့ ပေါ်ရတယ်။ ဥပမာ calcineurin inhibitors ကိုယ်အင်္ဂါအစားထိုးသူတွေကိုပေးတဲ့ဆေး။ tacrolimus (Protopic) နဲ့ pimecrolimus (Elidel) လိမ်းဆေးတွေကို FDA ကတော့ ကင်ဆာနဲ့ပတ်သက်မလား သတိပေးထားတာရှိတယ်။ ဆိုးဝါးတဲ့ ဥပမာ အစာမျိုပြွန်၊ ဦးရေခွံ၊ လိင်အင်္ဂါ နေရာတွေမှာ ဖြစ်ရင်တော့ ဒီအမျိုးအစားဆေးတွေကို သုံးလေ့ရှိတယ်။
• ပါးစပ်-ခံတွင်းကို ထိခိုက်မှု မရှိအောင် ဂရုစိုက်ပါ။ စိတ်ဖိအားလျှော့ချပါ။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၃

Read more...

Monday, May 20, 2013

Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ)

• Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ) တွဲသောက်ရင်
(ပါရာစီတမော) ခေါ်တဲ့ အကိုက်အခံပျောက်ဆေး၊ အဖျားကျဆေးထဲမှာ ၅ဝဝ မီလီဂရမ်ပါတာ များတယ်။ Coke/Pepsi ထဲမှာ (ကေဖင်း) ၅ဝ မီလီဂရမ်ပါတယ်။ Panadol Extra ထဲမှာ (ကေဖင်း) ၆၅ မီလီဂရမ်ပါတယ်။ ပုံမှန်ဆိုရင် (ပါရာစီတမော) ၂ ပြား = ၁ဝဝဝ မီလီဂရမ်နဲ့ (ကေဖင်း) ၅ဝ မီလီဂရမ်ပါတာကို တွဲသောက်တာနဲ့ ကျန်းမာရေးကို ထိခိုက်မှုမရှိပါ။ အစာအိမ်မှာတော့ အနေရခက်ပြီး ပျို့ချင်ချင်ဖြစ်နိုင်တယ်။

• 2 Paracetamol (ပါရာစီတမော) ၂ ပြားသောက်ရင်
ဘာမှမဖြစ်ပါ။

• 3 Paracetamol (ပါရာစီတမော) ၃ ပြားသောက်ရင်
Paracetamol 300 mg ကျန်းမာရေးကောင်းနေသူကို ဒုက္ခမပေးနိုင်ပါ။ ဆေးကို ပိုသောက်လို့ အနာသက်သာစွမ်းကို တိုးမရပါ။ များများသောက်လေ အသဲကိုထိခိုက်လေဖြစ်မယ်။

• 4 Paracetamols (ပါရာစီတမော) ၄ ပြားသောက်ရင်
သိမ်မထူးလှပါ။ များများသောက်လေ အသဲကိုထိခိုက်လေဖြစ်မယ်။

• Overdose of Acetaminophen / Paracetamols (ပါရာစီတမော) များသွားရင်
အသဲကိုထိခိုက်မယ်။ လူကြီး ကျန်းမာရေးမှန်နေသူတယောက် အများဆုံးသောက်သင့်တာက 1 gram (1000 mg) per dose တခါသောက် ၁ဝဝဝ မီလီဂရမ် နဲ့ 4 grams (4000 mg) per day တနေ့မှာ ၄ဝဝဝ မီလီဂရမ်။ Vicodin ထဲမှာ (ပါရာစီတမော) 750 mg ပါတာကိုသတိထားပါ။

• Aspirin and Coke (အက်စပရင်) နဲ့ (ကုတ်) တွဲသောက်ရင်
ဘာမှမဖြစ်ပါ။

• Ibuprofen (အိုင်ဘူပရိုဖင်) နဲ့ Coke (ကုတ်) တွဲသောက်ရင် ဘာမှမဖြစ်ပါ။

• 10 Paracetamol (ပါရာစီတမော) ၁ဝ သောက်ရင်
အသဲမကောင်းရင် သေစေတဲ့ဆီအထိ ဦးတည်နေမယ်။

• 2 800mg Ibuprofen (အိုင်ဘူပရိုဖင်) ၂ ပြားသောက်ရင်
မသေစေပါ။ အသဲကိုတော့ ထိခိုက်မယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၃

Read more...

Saturday, May 11, 2013

Thai Fish Sauce unsafe ထိုင်းနိုင်ငံထုတ် ငန်ပြာရည်တချို့ စိတ်မချရ

Most fish sauces have 'unsafe' levels of preservative
• ထိုင်းနိုင်ငံထုတ် ငန်ပြာရည်အများစုထဲမှာ အထားခံအောင်ထည့်ရတဲ့ဓါတ်တွေ လွန်ကဲပြီးပါနေတယ်လို့ ၉-၅-၂ဝ၁၃ နေ့ထုတ် နေးရှင်းသတင်းစာမှာ ရေးလိုက်ပါတယ်။ အဲဒီ ဓါတ်တွေဟာ စိတ်ချရမှု စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။
• ထိုင်းနိုင်ငံ Department of Medical Sciences (DMS) ဆေးသိပ္ပံဌာနကနေ ဈေးကွက်ထဲမှာ ရောင်းနေတဲ့ Fish sauces ငန်ပြာရည်နဲ့ Mixed fish sauces ငန်ပြာရည်အရော အမျိုးမျိုးကို လေ့လာမှုလုပ်ခဲ့တာပါ။
• စက်ရုံပေါင်း ၁၁၈ ကနေထုတ်တဲ့ နမူနာပေါင်း ၄၇၁ ခုကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီနဲ့ မတ်လတွေထဲမှာ စမ်းသပ်မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
• ငန်ပြာရည် ၂၄၂ မျိုးက ဘတ်ငွေ ၁ဝ ကနေ ၄၅ အထိပေးရပြီး။ ၂၂၉ မျိုးကတော့ အရောဖြစ်ပြီး ၆ ဘတ်ကနေ ၁၈ ဘတ် သာပေးရပါတယ်။
• စမ်းသပ်မှုအဖြေကတော့ ငန်ပြာရည် ၆၂့၈% နဲ့ အရောထဲက ၃၇့၁% တို့ဟာ စံချိန်မီတယ်။
• ၂၁ ဘတ်ကနေ ၂၉ ဘတ်ပေးရတာထဲမှာ ၄၅့၎% သာ စားသုံးဘို့သင့်တာတွေ့ရပါတယ်။
• ၃၆% ထဲမှာ Glutamic acid (ဂလူတားမစ်အက်စစ်) ထဲက နိုက်ထရိုဂျင်ဟာ စံချိန်ထက် မြင့်နေတယ်။ ၉့၁% က နိမ့်နေတယ်။
• ၄့၅% တွေက Benzoic acid ခေါ်တဲ့ အထားခံဓါတ်ဟာ ပါသင့်တာထက်များနေတယ်။
• ကောက်ချက်ချရရင် ဈေးပိုပေးရတိုင်း စိတ်ချရတာမဟုတ်ပါ။ ဘတ် ၁ဝ-၂ဝ ထဲမှာလဲ စားသုံးဘို့ သင့်တာရှိသလို ၃ဝ-၄ဝ ပေးရပေမဲ့ မသင့်တာရှိပါတယ်။

http://www.thaivisa.com/forum/topic/638312-most-fish-sauces-in-thailand-have-unsafe-levels-of-preservatives/

ဒေါက်တာတင့်ဆွေ
၁၁-၅-၂ဝ၁၃

Read more...

Sunday, May 5, 2013

Cosmetics and Cancer Risks အလှအပသုံးပစ္စည်းတွေနဲ့ ကင်ဆာအန္တရာယ်

၅-၅-၂ဝ၁၃ Johnson & Johnson ဂျွန်ဆင်-အင်-ဂျွန်ဆင်ရဲ့ အလှအပသုံးထုတ်ကုန် လိုင်စင်တွေကို အစားအသောက်နဲ့ ဆေးဝါး အာဏာပိုင်ကနေ ပယ်ဖျက်လိုက်ဆိုတဲ့သတင်းထွက်လာပါတယ်။

ကလေးပေါင်ဒါ ၁၅ မျိုးကို ၂ဝဝ၇ ကတည်းက ထုတ်နေပါတယ်။ ပိုးသေအာင်သုံးတဲ့ Ethylene oxide ဟာ ကင်ဆာ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိလာတာပါ။ (FDA) ရဲ့တားမြစ်ချက်ဟာ အိန္ဒိယနိုင်ငံ Mulund plant မူလွန်ဒ် စက်ရုံကနေ ထုတ်နေတာတွေကို ၂၄-၆-၂ဝ၁၃ ကနေစပြီး သြဇာသက်ရောက်ပါမယ်။ Ethylene oxide (အက်သလင်း အောက်ဆိုက်) အော်ဂဲနစ်ဓါတ်ပေါင်းရဲ့ သတ္တိတွေထဲမှာ Flammable မီးလောင်လွယ်တယ်၊ Irritating ထိတဲ့နေရာကို ကလိသလို နေတယ်၊ Anaesthetic ထုံစေမယ်၊ Carcinogenic at room temperature အခန်းတွင်းအပူချိန်မှာ ကင်ဆာ ဖြစ်စေနိုင်တယ်။

Cancer Risks ကင်ဆာအန္တရာယ်
1. Diethanolamine (DEA) နဲ့ Triethanolamine (TEA)
ထုတ်လုပ်ဖြစ်စဉ်မှာသုံးရတယ်။ Bronopol (2-bromo-2-nitropropane-1,3-diol) အထားခံအောင်ထည့်ရတဲ့ ဓါတ်ပေါင်း ဖြစ်တယ်။ ဈေးကြီးတာတွေထဲမှာလဲ ပါတတ်တယ်။ ဥပမာ Chanel (ရှနယ်လ်)။ နောက်ပြီး Baby products ကလေးသုံး ပစ္စည်းတွေနဲ့ Body Shop (ဘော်ဒီ ရှော့ပ်) တွေမှာသုံးတာတွေ။
2. 1, 2-Dioxane in Surfactants/detergents
Shampoos ခေါင်းလျှော်ရည်၊ Hair conditioners ဆံပင် (ကွန်ဒီရှင်နာ)၊ Cleansers (ကလင်းဇာ)၊ Lotions (လိုးရှင်း)၊ Creams (ခရင်မ်)၊ Soaps ဆပ်ပြာ Cleaning products သန့်ရှင်းရေးသုံးတွေမှာပါတဲ့ Ethoxylated alcohols, Polysorbates နဲ့ Laureths ဆိုတာတွေ ဖြစ်တယ်။

• Artificial Colors အရောင်တုတွေ
Blue 1 နဲ့ Green 3 တွေမှာ ကင်ဆာဖြစ်မှာပါတယ်။ D&C Red 33, FD&C Yellow 5, and FD&C yellow 6 တွေထဲမှာ Impurities အညစ်အကြေးလိုဟာတွေ ပါတယ်။ ကင်ဆာဖြစ်စေနိုင်တယ်။
• Hair Dyes ဆံပင်ဆိုးဆေးတွေ
Black အနက်နဲ့ Dark brown အညိုရင့်ရောင်တွေထဲမှာ Non-Hodgkin's lymphoma, Multiple myeloma နဲ့ Hodgkin's disease ကင်ဆာအမျိုးအစားတွေဖြစ်စေနိုင်တယ်။
• Lanolin လင်နိုလင် ခရင်မ်
ယေဘုယျ စိတ်ချရပေမဲ့ DDT, Dieldrin နဲ့ Lindane တွေပါနေနိုင်တယ်။
• Talc ပေါင်ဒါ
Ovarian cancer မျိုးဥအိမ်ကင်ဆာဖြစ်စေနိုင်တယ်။
• Silica စီလီကာ
(စီလီကွန်) ထဲမှာပါတယ်။ (စီလီကွန်) ကို အတုပစ္စည်းတွေလုပ်ရာမှာသုံးတယ်။ ရင်သားအတု၊ ယောက်ျားလေးတွေ လူပေါင်းမှားလို့ ကျားအင်္ဂါကို ဆေးထိုးတာမျိုး။

• Cosmetics အလှအပသုံးပစ္စည်းတွေဟာ ကျန်းမာရေးဥပဒေအောက်မှာ အနည်းဆုံးရှိတဲ့ လူသုံးကုန်ဖြစ်တယ်။ အမေရိကားမှာရှိတဲ့ Federal Food, Drug, and Cosmetic Act အက်ဥပဒေအရ ဈေးကွက်ထဲမဝင်ခင် စမ်းသပ်မှု၊ ဆန်းစစ်မှု နဲ့ အတည်ပြုမှုရယူစရာ မလိုဘူး။
• FDA ကထောက်ပြတာတချက်ကတော့ ၄ဝဝဝ ကနေ ၅ဝဝဝ အလှအပသုံးကုန်ပစ္စည်း ဖြန့်ဖြူးသူတွေထဲက ၃% ကဘဲ အစိုးရဆီကို ထိခိုက်မှုရှိတဲ့ အစီရင်ခံစာတင်တယ်။ အမယ်ပေါင်း ၂ဝဝဝ ကနေ ၂၅ဝဝဝ ထဲက ၄ဝ% ထက် နည်းပြီး မှတ်ပုံတင်ထားကြတယ်။
• ၁၉၉ဝ ခုနှစ်ထဲမှာ အလှအပသုံးပစ္စည်းကနေ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူဘို့လိုသူပေါင်း ၃၈ဝဝဝ ယောက် ရှိခဲ့တယ်။ ဒဏ်ရာဆိုတာထဲမှာ Allergies အလာဂျီရတာ၊ irritation နေမထိထိုင်မသာဖြစ်တာနဲ့ Photosensitization နေရောင်နဲ့ထိရင် တုံ့ပြန်မှုပြောင်းလဲသွားတာတွေပါဝင်တယ်။ အလာဂျီ နဲ့ မျက်စိ ထိခိုက်တာတွေကြောင့် ဆေးရုံ အရေးပေါ်ခန်းကိုလာကြရတယ်။
• လူ့အရေပြားဟာ အလွန်စုပ်ယူနိုင်စွမ်းကောင်းတယ်။ အရေပြားပေါ်တင်တဲ့၊ လိမ်းတဲ့အရာ ဘာမဆို စုပ်ယူလို့ ကိုယ်ထဲ (သွေးထဲ) ရောက်တယ်။ တချို့ဓါတုပစ္စည်းတွေက အဲလိုဖြစ်တာ ပိုမြန်တယ်။
• Facial makeup မျက်နှာသုံး မိတ်ကပ်လို ကြာကြာထားတာမျိုးက သိသာစေတယ်။ လေ့လာမှုတခုအရ အလှအပသုံး ပစ္စည်းတွေမှာ အထားခံအောင်ထည့်ရတဲ့ Butylate hydroxytoluene ၁၃% နဲ့ ကင်ဆာ ဖြစ်စေနိုင်တဲ့ DDT ပိုးသတ်ဆေး ၄၉% တို့ဟာ အရေပြားထဲကနေ စိမ့်ဝင်ကြတာကို တွေ့ရှိရတယ်။
• အလှအပပစ္စည်းတွေကိုသုံးရင် အထဲမှာ အမယ်နည်းနည်းပါရင် ဆိုးကျိုးလည်း နည်းစေနိုင်တယ်ဆိုတဲ့ ဥပဒေသ မှတ်ပါ။ ဗက်တီးရီးယား မဝင်စေအောင်ဂရုစိုက်ပါ။ အဖုံးဖွင့်မထားပါနဲ့။ သူများနဲ့ တွဲမသုံးပါနဲ့။ ကရိယာနဲ့ သုံးရမှာကို လက်ချောင်းနဲ့မသုံးပါနဲ့။

ဒေါက်တာတင့်ဆွေ
၅-၅-၂ဝ၁၃

Read more...

Tuesday, April 30, 2013

Sweat and Virus ချွေး နဲ့ မျက်ရည်ကနေ HIV ကိုမကူးစေပါ၊ ဒါပေမဲ့ အသဲရောင် (ဘီ) ကူးစက်နိုင်တယ်တဲ့

၂ဝဝ၇ ခုနှစ်က ကျန်းမာရေးသတင်းတပုဒ်ထွက်ပါတယ်။ Hepatitis B အသဲရောင် (ဘီ) ပိုးဟာ ချွေးကနေလည်း ကူးစက်နိုင်တယ်လို့ ပါတယ်။ Contact sports အာကစား လုပ်သူတွေအချင်းချင်း ချွေးကနေကူးနိုင်တယ်လို့ ဓါတ်ပုံနဲ့ ဖေါ်ပြထားပါတယ်။ သုတေသနလုပ်သူတွေက အိုလန်ပစ် နပမ်းသမား (ယောက်ျား အသက် ၁၈-၃ဝ) ၇ဝ ကို စမ်းခဲ့တာပါ။

HIV ကတော့ "မကူးစက်နိုင်တဲ့နည်းလမ်းတွေ" ထဲမှာ ချွေးကိုလည်း ထည့်ထားတာ သတိပြုသင့်ပါတယ်။
• Touching or Hugging ထိကိုင်၊ ပွေ့ဖက်ခြင်း၊
• Utensils, Towels, Bedding မီးဖိုချောင်သုံးပစ္စည်းတွေ၊ မျက်နှာသုတ်ပုဝါ၊ အိပ်ယာခင်း တွဲသုံးတာ၊
• Sweat or Tears ချွေး နဲ့ မျက်ရည်၊
• Swimming pools, Saunas, Hot tubs, Toilets ရေကူးကန်၊ ရေနွေး၊ အပူငွေ့၊ အိမ်သာ အတူသုံးတာ၊
• Coughs or Sneezes ချောင်းဆိုး၊ နှာချေ။

Hepatitis B virus အသဲရောင် (ဘီ) ဗိုင်းရပ်စ်ဟာ သွေး နဲ့ သွေးပါနေနိုင်တဲ့ ကိုယ်ခန္ဓာအရည်ကနေတဆင့် ကူးစက်နိုင်တယ်။ နည်းလမ်းတွေကတော့
(၁) Sexual contact လိင်ကတဆင့်၊
(၂) Blood transfusions and transfusion with other human blood products သွေးနဲ့ သွေးထဲကတခုခုကို လှူခြင်း နဲ့ သွင်းခြင်း၊
(၃) Re-use of contaminated needles and syringes ဆေးထိုးအပ်နဲ့ ဆေးထိုးပိုက် ပြန်အသုံးပြုခြင်း၊
(၄) Vertical transmission from mother to child ကလေးမီးဖွါးနေစဉ် မိခင်ကနေ ကလေးကိုကူးခြင်းတို့ဖြစ်တယ်။ မိခင်လောင်းဟာ HBsAg အပေါင်း ဖြစ်နေပြီး ဘာမှ မလုပ်ဘဲ (ဆေးမကုဘဲ) နေရင် သူကနေ မွေးလာမဲ့ကလေးကို မွေးနေတုံးကူးနိုင်တဲ့ အခွင့်အလမ်း ၂ဝ% ရှိတယ်။ မိခင်လောင်းဟာ HBeAg အပေါင်းပြနေသူဆိုရင် သူကနေမွေးလာမဲ့ကလေးကို မွေးနေတုံး ကူးနိုင်တဲ့ အခွင့်အလမ်း ၉ဝ% ရှိတယ်။
နောက်ပြီး အတူနေမိသားစုအတွင်းမှာ အရေပြားနဲ့ အရေပြားနုတွေမှာ မြင်ရတာ ဖြစ်ဖြစ် မမြင်ရတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရတာ အနာအဆာ ရှိတာကနေတဆင့် ကူစက်နိုင်သေးတယ်။ HBV ပိုးပါနေတဲ့ တံတွေး-သွားရည်ကနေလဲ အဲလိုရှိနေသူကို ကူးလာနိုင်တယ်။ ဒါပေမဲ့ Hepatitis B တွေနေတဲ့ လူကြီးတွေရဲ့ ၃ဝ% မှာ ဘယ်နည်းလမ်းကနေ ကူးလာခဲ့သလဲဆိုတာ မေးမြန်းစစ်ဆေးလို့ မရတာတွေ့ရတယ်။ (ဘီ) ပိုးကာကွယ်ဆေး စနစ်တကျ ထိုးတားရင် ပိုးရှိသူမိခင်ကနေ နို့တိုက်လို့ကူးတယ်ဆိုတာ မတွေ့ရသေးပါ။

Sweat Can Transmit Viral Infections http://news.softpedia.com/news/Sweat-Can-Transmit-Viral-Infections-48302.shtml?fb_action_ids=304402569689733&fb_action_types=og.likes&fb_source=aggregation&fb_aggregation_id=288381481237582

ေါးက်တာတင့်ဆွေ
၃ဝ-၄-၂ဝ၁၃

Read more...

Friday, April 26, 2013

Beverages သောက်စရာအမျိုးမျိုး သကြားဘယ်လောက်တိုးသလဲ

• Coca Cola ကိုကာကိုလာ
12 oz (355 ml) Can
သကြား စုစုပေါင်း 39g
ကယ်လိုရီ စုစုပေါင်း 140

• 20 oz (590 ml) Bottle
သကြား စုစုပေါင်း 65g
သကြားကရတဲ့ ကယ်လိုရီ: 240

• 1 Liter (34 oz) Bottle
သကြား စုစုပေါင်း 108g
ကယ်လိုရီ စုစုပေါင်း 400

• Coca Cola ကိုကာကိုလာ
7-Eleven 32 oz Big Gulp (28 oz soda + 4 oz ice)
သကြား စုစုပေါင်း 91g
ကယ်လိုရီ စုစုပေါင်း 364

• 7-Eleven 44 oz Super Gulp (38 oz soda + 6 oz ice)
သကြား စုစုပေါင်း 128g
ကယ်လိုရီ စုစုပေါင်း 512

• Coca Cola
7-Eleven 52 oz Xtreme Gulp (45 oz soda + 7 oz ice)
သကြား စုစုပေါင်း 146g
ကယ်လိုရီ စုစုပေါင်း 585

• Coca Cola ကိုကာကိုလာ
7-Eleven 64 oz Double Gulp (55 oz soda + 9 oz ice)
သကြား စုစုပေါင်း 186g
ကယ်လိုရီ စုစုပေါင်း 744
Coke ထက် ကေဖင်း ၄ဝ% နဲ့ သကြား ၁၅% ပိုများတယ်။

• Mountain Dew
20 oz (590 ml) Bottle
သကြား စုစုပေါင်း 77g
ကယ်လိုရီ စုစုပေါင်း 290

• 1 L (34 oz) Bottle
သကြား စုစုပေါင်း 124g
ကယ်လိုရီ စုစုပေါင်း 440

• Rockstar Energy Drink
8 oz (240 ml) Serving
သကြား စုစုပေါင်း 31g
ကယ်လိုရီ စုစုပေါင်း 124

• 16 oz (480 ml) Can
သကြား စုစုပေါင်း 62g
ကယ်လိုရီ စုစုပေါင်း 248

• Red Bull Energy Drink
8.3 oz (250 ml) Can
သကြား စုစုပေါင်း 27g
ကယ်လိုရီ စုစုပေါင်း 108

• Vitamin Water, B-Relaxed
Jackfruit and Guava Flavor 8 oz (240 ml) Serving
သကြား စုစုပေါင်း 13g
ကယ်လိုရီ စုစုပေါင်း 50

• 20 oz (590 ml) Bottle
သကြား စုစုပေါင်း 33g
ကယ်လိုရီ စုစုပေါင်း 125

• Sobe Mango Melon 8 oz (240 ml) Serving
သကြား စုစုပေါင်း 29g
ကယ်လိုရီ စုစုပေါင်း 120

• 20 oz (590 ml) Bottle
သကြား စုစုပေါင်း 70g
ကယ်လိုရီ စုစုပေါင်း 280

• Arizona Lemon Ice Tea 8 oz (240 ml) Serving
သကြား စုစုပေါင်း 24g
ကယ်လိုရီ စုစုပေါင်း 90

• 24 oz Can
သကြား စုစုပေါင်း 72g
ကယ်လိုရီ စုစုပေါင်း 270

• Snapple Lemon Iced Tea 8 oz Serving
သကြား စုစုပေါင်း 23g
ကယ်လိုရီ စုစုပေါင်း 100

• 16 oz Bottle
သကြား စုစုပေါင်း 46g
ကယ်လိုရီ စုစုပေါင်း 200

• Minute Maid Lemonade 8 oz (240 ml) Serving
သကြား စုစုပေါင်း 27g
ကယ်လိုရီ စုစုပေါင်း 140

• 20 oz (590 ml) Bottle
သကြား စုစုပေါင်း 67g
ကယ်လိုရီ စုစုပေါင်း 260

• Orange Juice 8 oz (240 ml) Serving
သကြား စုစုပေါင်း 24g
ကယ်လိုရီ စုစုပေါင်း 110

• 16 oz Bottle
သကြား စုစုပေါင်း 48g
ကယ်လိုရီ စုစုပေါင်း 220

• Apple Juice 8 oz (240 ml) Serving
သကြား စုစုပေါင်း 26g
ကယ်လိုရီ စုစုပေါင်း 120

• 16 oz Bottle
သကြား စုစုပေါင်း 52g
ကယ်လိုရီ စုစုပေါင်း 240

• Capri Sun, Pacific Cooler 6.75 oz (200 ml) Pouch
သကြား စုစုပေါင်း 18g
ကယ်လိုရီ စုစုပေါင်း 70

• Nesquik Chocolate Milk 8 oz (240 ml) Serving
သကြား စုစုပေါင်း 29g
ကယ်လိုရီ စုစုပေါင်း 200

• 16 oz Bottle
သကြား စုစုပေါင်း 58g
ကယ်လိုရီ စုစုပေါင်း 400

• Westsoy Vanilla Soy Milk 8 oz (240 ml) Serving
သကြား စုစုပေါင်း 8g
ကယ်လိုရီ စုစုပေါင်း 120

• Mike's Hard Lemonade 11.2 oz (330 ml) Bottle
သကြား စုစုပေါင်း 30g
ကယ်လိုရီ စုစုပေါင်း 220

Aspartame (အာ့စ်ပါတိမ်း) ဟာ အချိုတုတမျိုးဖြစ်တယ်။ ၁၉၈၁ ကတည်းက အမေရိကားမှာ သုံးနေပေမဲ့ ၁၉၈၃/၁၉၇၄ ရောက်မှ အသိအမှတ်ပြုခံရတယ်။ NutraSweet နဲ့ Equal နာမည်တွေနဲ့ရောင်းနေပါတယ်။ တကမ္ဘာလုံးမှာ ဒါသုံးပြီး အချိုရည်၊ အချိုအစားအသောက်တွေ တောင်နဲ့ချီပြီး ထုတ်လုပ်ရောင်းချနေတယ်။ FDA ကလည်း စိတ်ချရတယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ ဆေးပညာရှင်တချို့က ဒီလိုစိတ်ချရမှုဆိုတာကို သဘောမတူပါ။

Sugar Related Diseases သကြားကနေ ဒုက္ခဝေစေမဲ့ ရောဂါတွေ
၁။ Obesity လူအဝလွန်ခြင်း၊
၂။ Blood Pressure သွေးတိုးခြင်း၊
၃။ Stroke ဦးနှောက်သွေးကြောရောဂါခြစ်ခြင်း၊
၎။ Heart Attack နှလုံး အတက်ရခြင်း၊
၅။ Diabetes ဆီးချိုရောဂါ ၃ မျိုးဖြစ်ခြင်း၊
၆။ Kidney Disease ကျောက်ကပ်ရောဂါရခြင်း၊
၇။ Blindness မျက်စိကွယ်ခြင်း၊
၈။ Nerve Damage အာရုံကြောတွေ အားနည်းခြင်း၊
၉။ Poor Circulation သွေးလှည့်ပတ်မှု နှေးကွေးခြင်း နဲ့
၁ဝ။ Metabolic Syndrome ဇီဝလုပ်ငန်းတွေ ကမောက်ကမဖြစ်ခြင်း

• Non-alcoholic beverage အရက်မပါ သောက်စရာ http://dts-medicaleducation.blogspot.in/2012/09/mon-alcoholic-beverage.html



ဒေါက်တာတင့်ဆွေ
၂၆-၄-၂ဝ၁၃

Read more...

Wednesday, April 24, 2013

It Starts With Me; We can stop HIV ကျွန်တော်-ကျမက စပါမည်၊ HIV ကိုတားနိုင်သည်

24 April 2013 HIV spread in England 'could be halted within generation'
၂၄-၄-၂ဝ၁၃ အင်္ဂလန်မှာ HIV ပြန့်ပွါးမှုကို နောက်မျိုးဆက်မတိုင်မီ ဟန့်တားနိုင်မည်လို့ ကျန်းမာရေးဌာနက ထောက်ကူထားတဲ့ လှုံ့ဆော်ရေးအဖွဲ့ကနေ ပြောလိုက်ပါတယ်။

အင်္ဂလန်မှာ HIV ပိုးနဲ့အတူနေကြရသူပေါင်း ၉ သိန်းရှိတယ်။ ၄ ယောက်မှာ ၁ ယောက်က ပိုးရှိနေမှန်း မသိကြပါ။ အာဖရိကသွေးပါသူတွေထဲက လိင်တူသမားတွေရော အဖြောင့်သမားတွေရောဟာ စုစုပေါင်းရဲ့ ၄ ပုံ၊ ၃ ပုံဖြစ်ပါတယ်။ ဒါကြောင့် ကူးစက်နိုင်ခြေများသူတွေကို ဦးတည်ပြီး ရောဂါပို ရှိ-မရှိ ရှာဖွေခြင်းဟာ ထိရောက်တဲ့ တားဆီးနည်းဖြစ်ပါတယ်။

လှုံ့ဆောင်ရေး (ကင့်ပိန်း) ဟာ “It Starts With Me; We can stop HIV ကျွန်တော်-ကျမက စပါမည်၊ HIV ကိုတားနိုင်သည်” ဖြစ်ပြီး၊ Terrence Higgins Trust အဖွဲ့ကနေ ကူညီထားပါတယ်။ ဖြစ်နိုင်ခြေများတဲ့ အုပ်စုတွေကို အနည်းဆုံး ၁၂ လမှာတခါ ဆေးစစ်ဘို့တိုက်တွန်းပါတယ်။

ဒီရောဂါအတွက် ကာကွယ်ဆေးရော၊ ပျောက်ကင်းစေမဲ့ ဆေးဝါးပါ လက်တကမ်းမှာ မရှိသေးပါ။ ဒီလိုအခြေအနေမျိုးမှာ လူတွေက ဗိုင်းရပ်စ်တွေ ပြန့်ပွးမှုကို တန့်စမေဲ့ ဆေးပညာရှေ့ရောက်လာမှုဆိုတာ လက်တကမ်းမှာ ရှိပါတယ်လို့ သဘောပေါက်သင့်ကြပါတယ်။

လူတွေများများကြီးကို HIV ပိုး ရှိ-မရှိ စမ်းသပ်နိုင်လေလေ၊ ဆေးကုသမှုကိုလည်း ခံယူနိုင်လေလေ ကူးစက်ပြန့်ပွါးမှုကို ထိုးကျသွားစေအောင် လုပ်နိုင်မှာ သေချာပါတယ်။

အင်္ဂလန်မှာ တနေရာရာမှာ တယောက်ယောက်ကို မိနစ် ၉ဝ တိုင်းမှာ HIV ရှိ-မရှိ စမ်းသပ်ကြည့်နေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၃

Read more...

Friday, April 19, 2013

ကျန်းမာရေးမေးခွန်းများ

ကျန်းမာရေးနဲ့ ဆေးပညာ မေးတာတွေရှိပြီး ဖြေထားပေမဲ့ ဒီနေရာမှာ စုစည်းတင်တာကို မလုပ်နိုင်တာ တပါတ်ရှိပါပြီ။ မေးခွန်းတွေကို ပြန်ရိုက်ရ၊ သတ်ပုံပြင်ရ၊ မလိုတာ (မသင့်တာ) ဖြုတ်ရတဲ့အလုပ်အတွက် အချိန်မရလို့ဖြစ်ပါတယ်။ တဦးချင်းဆီကိုတော့ ပြန်ဖြစ်ပါတယ်။
Read more...

Monday, April 15, 2013

Alcohol (2) အရက်ဋီကာချဲ့ခြင်း

ဆရာဝန်ကြီးတစ်ယောက်က ပြောဘူးတယ်။ "အရက်က ဈေးကြီးပေးအရက် ကောင်းကောင်းဆိုရင် အဆင်ပြေတယ်။ ကျန်းမာရေး ကောင်းသင့်သလောက် သောက်ပါ" လို့ ပြောထားတယ်။

ဒီအမေးကို ဆရာဝန်လေးဖြေပါမယ်။ ဈေးကြီးရင် ပစ္စည်းပိုကောင်းတဲ့ ဥပဒေသကတော့ အမှန်ရှိပါတယ်။ ဥပမာ အရက်လို ရေမွှေးလိုပေါ့။ ဈေးနည်းတာ သောက်ရလေလေ ဆိုးကျိုး ပိုဖြစ်နိုင်လေဆိုတာလည်း မှန်ပါတယ်။ “ကျန်းမာရေး ဘက်က တွက်ရင်တော့ အဆိုးလေးနဲ့ အဆိုးကြီးသာဖြစ်ပါတယ်။”

အရက်ဆိုရင် ဟောင်းလေ ကောင်းလေ ဥပဒေသလည်း ရှိပါသေးတယ်။ ၁၈ နှစ်သက်တမ်းရှိတဲ့ Macallan Old Sherry Wood Distilled 1980 Bottled 1998 700ml တပုလင်းကို ဒေါ်လာ $1100 ပေးရတယ်။

Scotch Whisky စကော့ခ်ျ-ဝီစကီတွေက ဟောင်းရင် ဈေးကောင်းရတယ်။
• ၂၁ နှစ်သက်တမ်း Balvenie Portwood = $189.90
• ၁၇ နှစ်သက်တမ်း Balvenie = $129.90
• ၁၅ နှစ်သက်တမ်း Dalwhinnie Single Malt = $63.90
• ၁၂ နှစ်သက်တမ်း Cragganmore Single Malt = $59.95
• ၁၂ နှစ်သက်တမ်း Dewar's Special Reserve = $35.95
• ၁ဝ နှစ်သက်တမ်း Ardbeg = $49.95
• ၅ နှစ်သက်တမ်း Bench 5 Scotch Whisky = $23.55
• ၃ နှစ်သက်တမ်း House Of Stuart = $18.90
• ၃ နှစ်သက်တမ်း House of Stuart = $9.25

“အရက်မှာ ဟောင်းတိုင်း ကောင်းသလား” လို့ မေးခွန်းထုတ်တာတွေလည်း ရှိပါသေးတယ်။ နာမည်ကြီး Chivas (ချီးဗတ်စ်) ကနေ သုတေသနလုပ်ထားပါတယ်။ သောက်သုံးသူ ၉၃%ကတော့ ဟောင်းတာ ကောင်းတယ်လို့ ပြောကြပါတယ်။ ရောင်းတဲ့သူအကြိုက်အဖြေ ဖြစ်ပါတယ်။ ကျန်ရာနှုန်းထဲက ထောက်ပြတာကတော့ ဝီစကီထဲမှာပါတဲ့ Spirits (စပစ်ရစ်) အရက်ဟာ သိမ်းဆီးဘို့ထားရတဲ့ Cask ထည့်စရာထဲမှာ ကြာလာရင် သစ်သားနဲ့ဓါတ်ပြုပြီး ပြောင်းလဲ ပျက်စီးလာမယ်တဲ့။ သူ့ထဲမှာ ချက်လုပ်ရာမှာပါတဲ့ အစေ့အဆံရဲ့အစွမ်းကို ဖုံးလွှမ်းသွားတယ်တဲ့။ ဥပမာ Malt Scotch မော့လ် ထုပ်တာမှာသုံးတဲ့ ဘာလီစေ့။ ဥပမာပြရရင် မျက်နှာမှာ မိတ်ကပ်ထူထူကြီးလိမ်းသလိုဘဲတဲ့။

အရက်အမျိုးမျိုးကို ချက်လုပ်ရာမှာ ဘယ်လို အစေ့အဆံတွေသုံးသလဲ -
• Bourbon whiskey 51% Corn (Maize) ပြောင်း-ပြောင်းဖူးစေ့၊
• Corn whiskey 80% Corn ပြောင်းစေ့၊
• Malt whiskey 51% Malted barley ဘာလီစေ့၊
• Rye whiskey 51% Rye ရိုင်း-စပါးစေ့၊
• Rye malt whiskey 51% Malted rye ရိုင်း-စပါးစေ့၊
• Wheat whiskey 51% wheat ဂျုံစေ့၊
• Beer (ဘီယာ) ကို Barley ဘာလီ၊ ဒါမှမဟုတ် တခြားအစေ့အဆံတွေကနေ ထုတ်တယ်။
• Wine (ဝိုင်) ကို စပျစ်သီးကနေ အများဆုံးထုတ်တယ်။ တခြား အသီးတွေကနေလဲ ထုတ်သေးတယ်။
• Vodka (ဗော့ဒဂါ) ကို အစေ့အဆံကိုသိုးအောင်လုပ်ပြီးမှ ထုတ်ရတယ်။
• Gin (ဂျင်န်) ကလဲ အဲလိုဘဲ။
• Cider (စီဒါ) ဆိုတဲ့ အမေရိကားနဲ့ ကနေဒါကအရက်ကို ပန်းသီးရည်ကနေထုတ်တယ်။

Scotch whiskies တွေက အနည်းဆုံး နှစ်ခါ (တချို့က အခါ ၂ဝ) ပေါင်းခံတယ်။ အစစ်သတ်မှတ်ချက်အရ အနည်းဆုံး ၃ နှစ်ထားရမယ်။ Oak casks (အုတ်သစ်သား) နဲ့လုပ်ထားတဲ့ စည်ပိုင်း ထဲမှာသာထားရမယ်။ ဘယ်လောက်ကြာပြီဆိုတာ မပါဘဲ ရောင်းမရဘူး။ Smoky flavor မီးသင်းထားတဲ့ အနံ့လေး ပါတာများတယ်။ Peat smoke သစ်ဆွေးမြေကို သုံးလေ့ရှိတယ်။

အရက်ကောင်းလို့ ယေဘုယျခေါ်ကြတဲ့ ဝီစကီကို တခြားနိုင်ငံတွေကလည်း ထုတ်ပါတယ်။ (စကော့ခ်ျ) အစစ်မဟုတ်ပါ။ ဥပမာ အိန္ဒိယမှာ ဝီစကီကို Neutral spirits အရက်ပျံနဲ့ ရောထားတယ်။ ဒီဟာက သကြားထုတ်တဲ့အခါမှာသုံးတဲ့ ကြံ၊ စပျစ် စတာတွေကနေရတယ်။ အဲလိုထုတ်လုပ်တာက Rum (ရမ်) နဲ့ပိုတူနေပါမယ်။

အရက်ထဲမှာ ဓါတုဗေဒအရ ဘာတွေပါသလဲ -
အနံ့မွှေးဘို့သုံးတာထဲမှာ (ကာဗွန်နိုင်းလ်) ဓါတ်ပေါင်း၊ (အယ်လ်ကိုဟော)၊ (ကာဘောက်ဆလစ် အက်စစ်)၊ (နိုက်ထရိုဂျင်) နဲ့ (ဆာလ်ဖါ) ဓါတ်ပေါင်းတွေ၊ (တဲနင်)၊ (တာပိုင်း)၊ (ပိုင်ရဒင်း)၊ (ပိုင်ရဇင်း) ဆိုတာတွေပါတယ်။ Oak အုတ်သစ်သား စည်ထဲမှာ ထားသိုရလို့ (အုတ်) နံ့ရနေတယ်။ ဓါတ်ပေါင်းတွေပါမယ်။ Distillation ပေါင်းခံဖြစ်စဉ်ကနေ Fusel oils လောင်စာဆီ ပါတယ်။ သူက (အက်စနောလ်) ထက်ပိုပြီး အဆိပ်သဘောရှိတယ်။ ဒါကြောင့် ဒုတိယအကြိမ် ပေါင်းခံတဲ့အခါမှာ မီးသွေးစတာတွေကို သုံးတတ်တယ်။ ဝီစကီကို အရောင်ပေးဘို့သုံးတဲ့ ဓါတ်ပေါင်းတွေလဲ ပါနေတယ်။

အရက်အမျိုးမျိုးထဲမှာ အရက်ဘယ်လောက်ပါသလဲ -
• Pilsner ပေလ်စနာ = 3–6%
• Beers ဘီယာ = 3-10%
• Lager လက်ဂါဘီယာ = 4-5%
• IPA (Pale Ale) ပေးလ်-အေးလ် = 6-7%
• Sparkling Wine စပါကလင်-ဝိုင် = 8–12%
• Wine (general) ပုံမှန် ဝိုင် = 10–15%
• Madeira Wine မဒီရာ-ဝိုင် = 15-18%
• Bum Wine ဘမ်-ဝိုင် = 15-20%
• Port Wine ပို့တ်-ဝိုင် = 16-20%
• Fortified Wines ဝိုင်အပြင်း = 16–22%
• Sherry ရှယ်ရီ-ဝိုင် = 17–22%
• Cask Strength Whisky/Rum စည်သွပ် ဝီစကီ၊ ရမ် = 60%
• Vodka/Whiskey/Rum ဗော့ဒဂါ၊ ဝီစကီ၊ ရမ် = 40%
• Neutral Grain Spirits ချက်အရက် = 95%
• Rectified Spirits မီးတောက်အရက် = 96%

အရက် အမယ်ပေါင်း ၂ ဒါဇင်လောက်ရေးပြီးပြီ၊ တာရှည် အရက်သောက်ရာကနေ ရစေနိုင်တဲ့ ရောဂါ ၁ ဒါဇင်တိတိ နာမည်လေးတွေ ရေးပါရစေ။
1. Anemia သွေးအားနည်းခြင်း၊
2. Cancer ကင်ဆာ၊
3. Cardiovascular disease နှလုံး-သွေးကြောရောဂါ၊
4. Cirrhosis အသဲခြောက်ရောဂါ၊
5. Dementia အသိဥာဏ်ချို့ယွင်းရောဂါ၊
6. Depression စိတ်ကျရောဂါ၊
7. Seizures အတက်ရောဂါ၊
8. Gout ဂေါက်ရောဂါ၊
9. High blood pressure သွေးတိုးရောဂါ၊
10. Infectious disease ကူးစက်ရောဂါ၊
11. Nerve damage အာရုံကြောထိခိုက်ခြင်း၊
12. Pancreatitis သရက်ရွက်ရောင်ခြင်း။

အရက်ဈေးကြီးတာက ပိုကောင်းတယ်ဆိုလို့ သောက်နိုင်သူများခင်ဗျား၊ တပုလင်း ဒေါ်လာ ၂ဝ ကနေ ၁ဝဝဝ အကုန်ခံနိုင်တယ်ထားပါတော့၊ အသဲရောဂါရလို့ အသဲလဲရရင် ဒေါ်လာ တသောင်းမက ကုန်ကျပါမယ်။

• အရက်ဋီကာ အတိုအထွာ http://dts-medicaleducation.blogspot.in/2013/04/blog-post_15.html
• Alcoholism အရက်အတွက် ခက်နေသူတွေ http://dts-medicaleducation.blogspot.in/2012/08/alcoholism.html
• Alcohol and Depression အရက်က စိတ်ကျစေတယ် http://dts-medicaleducation.blogspot.com/2011/01/alcohol-and-depression.html
• Alcohol Taxes and Public Health အရက်ခွန်နဲ့ ကျန်းမာရေး http://dts-medicaleducation.blogspot.com/2011/11/alcohol-taxes-and-public-health.html
• How to lessen the effects of Alcohol အရက်မူးတာ သက်သာအောင် http://dts-medicaleducation.blogspot.in/2012/12/how-to-lessen-effects-of-alcohol.html

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၃

Read more...

Alcohol (1) အရက်ဋီကာ အတိုအထွာ

တယောက်က (ဖေ့စ်-ဘွတ်) မှာ (ဟယ်နက်ဆီ) ပုလင်းပုံနဲ့ ဝီစကီ သောက်မယ်လို့ ရေးထားတာလေး ဖတ်မိသွားလို့ အရက်ဋီကာလေး နည်းနည်း ရေးပါအုံးမယ်။ အရက်အကြောင်း သိပ်သိတာတော့ မဟုတ်ဘူးနော်။ ကျွန်တော်တို့ဆီက ယမကာသမားတွေက “ချင်ချင်တူးတူး မူးပြီးရော” ကများတယ် မဟုတ်လား။

• Hennessy (ဟယ်နက်ဆီ) က Cognac (ကော့ညက် ပြင်သစ်ထွက်) ဖြစ်လို့၊ Whisky လို့ သိပ်မခေါ်ကြဘူး မဟုတ်လား။ ပြီးတော့ စားသောက်ပြီးမှ နည်းနည်းလေးသာ မော့ချလေ့ရှိတာမျိုး။ မြန်မာတွေအခေါ် အစားပိတ်ပေါ့။
• Whisky ဝီစကီကို ဆော်ဒါနဲ့၊ ရေခဲနဲ့ သောက်နည်းနဲ့ Whisky on the rock ဆိုပြီး ရေ-ဆော်ဒါ ဘာမှ မပါဘဲ သောက်တယ်။ (ဆိုဒါ) ကိုလည်း Club Soda (ကလပ်-ဆိုဒါ) လို့အခေါ်များတယ်။ ဒါက မြန်မာ ၃-၄ ထောင် နေကြတဲ့ Fort Wayne ရဲ့ မူရင်းထုတ်ကုန်ဖြစ်ပါတယ်။
• Gin (ဂျင်) ကို Tonic water နဲ့ တွဲသောက်ကြတယ်။
• Tequila (တကီလာ၊ မက္ကစီကိုအရက်) နဲ့ Vodka (ဗော်ဒကာ၊ ရုရှားအရက်) တွေကလည်း အရောင်မပါဘူး၊ အပြင်းသမားတွေက ကြိုက်ကြတယ်။
• Rum (ရမ်) က ကြံကနေထုတ်တာ။ အဲဒါကို ဆီးချိုသမားလည်း သောက်နိုင်တယ် ပြောကြတာ မမှန်ဘူး။
• Chill Beer ဘီယာအေးအေးထဲ ထိုင်းအလေ့က ရေခဲထည့်သောက်တယ်။ ရွှေတွေက ဒီကောင်တွေ လူပျော့ဘဲ ဆိုတဲ့မျက်စိနဲ့ ကြည့်ကြတယ်။ အမှန်က ထိုင်းတွေက စီးပွါးရေးမှာ တကယ်ကိုလည်တာ။ ကိုယ့်လူတွက အပြန်မှာ အမူးနဲ့ ရောဂါပိုးတွေသယ်လာပြီး ဒေါ်လာနဲ့ ထိုင်းဘတ် အပ်ထားခဲ့ကြရတယ် မဟုတ်လား။
• အိန္ဒိယမှာ ဘီယာထဲကို (အယ်လ်ကိုဟော) ရာနှုန်းများထားတော့ ဘီယာနဲ့မတူဘူး။ မယ်ဆလာနံ့ထည့်တာက ရှိသေး။ မသောက်ခင်က မူးချင်ကြမယ်။
• Champagne (ရှန်ပိန်) ကို နေရာဌာန အကောင်းစားတွေသွားရင် လာလည်သူကို ခွက်ကလေးတခုစာတိုက်ပြီး ဧည့်ခံတတ်တယ်။
• Wines (ဝိုင်) မှာလည်း Red wine with red meat, white wine with fish ဆိုပြီး၊ (ဝိုင်) အနီသောက်ရင် အသား၊ (ဝိုင်) အဖြူသောက်ရင် ငါးနဲ့ ထမင်းစားတဲ့အလေ့ လုပ်ထားသေးတယ်။ ဘယ်အရက် ဘယ်ခွက်နဲ့ကရှိသေး။
• ဗမာတွေက ထန်းရည်ဋီကာ နဲ့ တိုင်းရင်းသားတွေကတော့ ခေါင်ရည်ဋီကာ ရေးနိုင်ကြမယ်ထင်တယ်။
• Cognac (ကော့ညက်) ဟာ အမှန်က Brandy (ဘရန်ဒီ) အမျိုးအစားတခုပါ။ ပြင်သစ်နိုင်ငံက မြို့လေးတခု နာမည် ဖြစ်ပါတယ်။ Brandywine (ဘရင်းဝိုင်) လို့လဲခေါ်တယ်။ (ဝိုင်) ကိုပြန်ချက်ထားလို့ ဖြစ်ပါတယ်။ (ဘရန်ဒီ) ကို မြန်မာတွေက Neat (နိ) သောက်တာလို့ခေါ်တာကို သူတို့တတွေက On the rocks ခေါ်တယ်။ ဘာလို့လဲဆိုတော့ ရေခဲတုံးလေးတွေပေါ်မှာ လောင်းချပြီး သောက်ကြလို့ပါ။ ရေဖြစ်ဖြစ် ဆိုဒါဖြစ်ဖြစ် မရောကြပါ။ (ဘရန်ဒီ) ကို အရင်က ဆေးကုသရာမှာ Daffy's Elixir (ဒက်ဖီ ဆေးရည်) ဆိုပြီးသုံးသေးတယ်။ မူရင်း ဆေးညွှန်က အစာအိမ်ရောဂါအတွက်ပေမဲ့ နောက်အိုင်း တခြားနေရာတွေမှာလည်း သုံးလာကြသေးတယ်။ ဥပမာ ကလေးမီးဖွါးတဲ့အခါ နာတာသက်သာအောင် တိုက်ကြတယ်။
• နှစ်သစ်အတွက် အရက်ကျန်းမာရေး အသိပေးစာ ၂ ပုဒ် တင်ထားပါတယ်။ ဒီစာဖတ်ပြီး အဲဒါတွေလည်း ဖတ်စေချင်တယ်။

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၃

Read more...

Sunday, April 14, 2013

Nursing requirements သူနာပြုဖြစ်ဘို့အတွက် လိုအပ်ချက်

• မှတ်သားဥာဏ်က ဆင်တကောင်လိုများ၊
• နှလုံးသား အရွယ်အစားက နေတစင်းလောက်၊
• ခေါင်းနောက်မှာလည်း မြင်နိုင်တဲ့မျက်စိတွေပါ၊
• နှာခေါင်းဟာလည်း အစစ်လိုကောင်း၊
• ခြေချောင်းလက်ချောင်း အော်တိုပတ်စ်လို ရှစ်ချောင်း၊
• အရွယ်ကောင်းတယောက် သယ်ပိုးပေးလောက်အောင် နောက်ကျောသန်မာ၊
• ရောဂါမဝင်နိုင်အောင်ကောင်းတဲ့ ခုခံအား၊
• ငါးလီတာအထိ ဆီးမသွားဘဲအောင့်ထား၊
• သီးခံစွမ်းအား နတ်မိမယ် သူနာပြု၊
• ဒီအသက်မွေးမှုလောက်တော့ လုံးဝမမှု။ “Yamuna Clinic commercial”

• Numerous mosquitoes and many Chins live
• The clinic in Bodella, it is
• Labor case! Just call please!
• Midnight to Merry, beyond that is to Ma Ni
• Emergency may call Ma Chaw Chaw
• God bless my benevolent clinic assistants all
• If necessary please call me said Kim to me
• Management will be by Cherry
• ANC is for Even Matupi
• Medicines will be given by Ko Zaw Than
• Nu Nu will come although she lives far-flung

Read more...

Sunday, April 7, 2013

FDA news အစားအသောက်နှင့်ဆေးဝါး သတင်းများ

• အိမ်နီးချင်းများ ဆေးဝါးအတု ထုတ်ကြသည် http://yamunaclinic.org/index.php?option=com_content&view=article&id=4062:-q-and-a-october-2012-6&catid=25:q-and-a&Itemid=53
• တရုတ်ပြည်ဖြစ် ဆေးဝါးအတုများ ဈေးကွက်ထဲတွင် ရောက်ရှိနေ http://lannthit2007.blogspot.in/2011/06/blog-post_9825.html
• နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည် http://www.mizzimaburmese.com/news/inside-burma/9885-2012-08-15-10-34-17.html
• စာနာစိတ်ဖြင့် စီးပွား ရှာကြဖို့ လိုပါသည် http://www.myawady.com.mm/library/stories/healthstories/item/3049-2012-12-28-13-15-07
• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဆင့်တိုးမြှင့် ဖွဲ့စည်းမည် http://www.mizzimaburmese.com/news/breaking-newsbrief/11076-2013-03-07-09-08-38.html
• နယ်စပ်စခန်းနှစ်ခုတွင် စားသောက်ကုန် အရည်အသွေး ကြပ်မတ်မှု စတင်မည် http://www.myanmartharkaung.net/2012/08/blog-post_2959.html
• အာဟာရလား၊ အန္တရာယ်လား ... http://bur.irrawaddy.org/index.php/articles/2-articles/4119-2010-09-22-11-56-28
• ရက်လွန် စားသောက်ကုန်များ တင်သွင်းမှုများကို ထိန်းချုပ်နိုင်ရန် အစားအသောက်နှင့် ဆေးဝါး http://www.mwdmedia.net/2012_07_20_archive.html
• ဆေးဝါးစသည့် အခွင့်အရေးများကို ဖော်ပြထားပြီး စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် http://www.facebook.com/pages/Dawei-Development-Association/324514247578588
• မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဆေးဝါး သုတေသီ ပညာရှင်တဦးကလည်း http://abbsoluteright.blogspot.com/2010_09_01_archive.html
• ကျန်းမာရေးဦးစီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ပုံမှန်ဈေးကွက်ရှိ ဆေးဝါး http://www.mwdmedia.net/2012_10_16_archive.html
• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဆင့်တိုးမြှင့် http://www.myanmarnewshub.com/?cat=6
• ဆေးဝါး ပစ္စည်းများ လျော့နည်းပပျောက်စေရေး မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲ http://www.mwdmedia.net/2013_03_05_archive.html
• ရောင်းရင် မြို့နယ် အစားအသောက်နှင့် အရေးယူလို့ရတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး http://myatlayngon.blogspot.com/2011_04_24_archive.html
• အဖွဲ့ဝင် ဓာတ်ခွဲခန်းမှူးက စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာန (FDA) http://www.9dblood.com/2012_10_07_archive.html
• အဖွဲ့ဝင် ဓာတ်ခွဲခန်းမှူးက စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာန (FDA) http://www.9dblood.com/2012/10/blog-post_12.html
• စစ်ဆေးတွေ့ရှိပါက အစားအသောက်နှင့် ဆေးဝါး ဥပဒေအရ တရားစွဲဆို သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး http://myanmardailymail.blogspot.com/2011/10/hiv-edurant-fda-hiv.html
• (FDA) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောပါသည်။ http://www.mizzimaburmese.com/news/inside-burma/9885-2012-08-15-10-34-17.html
• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက မြန်မာနိုင်ငံ ဆေးဝါးဈေးကွက်အတွင်း ၉၆ ပါး မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင် အမှတ်တို့မှာ ဆေးဝါး အစစ် ... http://publichealthinmyanmar.blogspot.com/2008_10_01_archive.html
• အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန ဆေးဝါးကွပ်ကဲရေးဌာနအား အဆင့်မြှင့်တင်ပြီး http://www.myanmartharkaung.net/2013_03_07_archive.html
• ဆာလဖျူရစ် အက်ဆစ်ပြင်းနဲ့ ဖေါ်စပ်ထားသော ငြုတ်ဆီထုပ်များ မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်များတွင် တွေ့ရှိ http://www.9dblood.com/2012/10/blog-post_12.html
• ကမ္ဘာပတ်နေတဲ့ ဆေးဝါးအတုများ http://www.zaygwet.com/special_report.php?id=187
• တန်းဖိုးမဖြတ်နိုင်အောင် အမွေ http://danyawadi.wordpress.com/2013/03/20/%E1%80%90%E1%80%94%E1%80%B9%E1%80%B8%E1%80%96%E1%80%AF%E1%80%AD%E1%80%B8%E1%80%99%E1%81%BF%E1%80%96%E1%80%90%E1%80%B9%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B1%E1%80%A1%E1%80%AC%E1%80%84/
• ငှက်ဖျားဆေးဝါးအတု သတိပေးချက် ထုတ်ပြန် http://onekokoaung.blogspot.in/2012/10/blog-post_26.html
• မူပိုင်ခွင့် သိမှတ်စရာ http://www.myanmarexpress.net/2012/03/blog-post_7267.html
• စာနာစိတ်ဖြင့် စီးပွား ရှာကြဖို့ လိုပါသည် http://www.myawady.com.mm/library/stories/healthstories/item/3049-2012-12-28-13-15-07
• “KAV Ampicillin BP 250mg Capsule” ဆေးအတု ရောင်းချနေကြောင်းကို ကြေမုံသတင်းစာမှ ဖော်ပြချက် http://amayeainn.blogspot.in/2008_11_01_archive.html
• ပြုစုစောင့်ရှောက်ကာကွယ်ကုသပေးရမည့်သူကိုယ်တိုင်ကိုက ဆေးဝါးအတု ထုတ်လုပ်ရောင်းချ သုံးစွဲတယ်ဆိုတော့ http://www.myanmarexpress.net/2013/01/kia_27.html
• ကမ္ဘာ့ စားနပ်ရိက္ခာ ဖူလုံရေး လူသားအားလုံး ပါဝင်ဆောင်ရွက်ပေး http://www.myawady.com.mm/library/stories/storiesforall/item/8523-2013-03-06-12-58-41
• အရည်အသွေး မပြည့်မီသော ဆေးဝါးအတုအားလုံး၏ ၂ဝ ရာခိုင်နှုန်းခန့်မှာ မြန်မာနိုင်ငံသို့ ဝင်ရောက်မှုများ http://mandalaytube.com/media/document/52.pdf
• ကြေညာချက်များအစား ဆေးဝါးအတု၊ ရက်လွန်ဆေးဝါး ရောင်းချမှု၊ http://www.myanmarexpress.net/2011/01/blog-post_15.html
• ဆေးဝါးအတု၊ စံမညီ ဆေးဝါးများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုရန်နှင့် လိုက်နာ http://www.mwdmedia.net/2012_10_16_archive.html
• အိမ်နီးချင်း နိုင်ငံသုံးခုမှ ဆေးဝါးများ မြန်မာသို့ ဒေါ်လာ ၈၉ သန်းဖိုး တင်သွင်းပြီး http://socialactionforwomen.blogspot.in/2012_10_01_archive.html
• အဆိုပါ ထိုးဆေး ဆေးဝါးအတု၏ အမည်၊ အမှတ် တံဆိပ်၊ မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင်အမှတ်တို့မှာ http://publichealthinmyanmar.blogspot.in/2008_10_01_archive.html

Read more...