ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Friday, July 24, 2009

Amoxicillin အမောက်ဆာစလင်

Amoxicillin သို့မဟုတ် Amoxil, Dispermox, Trimox, Alphamox ဟု ခေါ်သည့်ဆေးသည် ဗက်တီးရီးယားကို နိုင်သော penicillin အုပ်စုဝင် ပဋိဇီဝဆေးဖြစ်သည်။ ဗက်တီးရီးယားကို သတ်ပစ်ခြင်းမလုပ်ဘဲ ဗက်တီးရီးယား၏ အကာနံရံ ဖြစ်မလာစေရန် လုပ်ခြင်းဖြင့် ၄င်းဗက်တီးရီးယားများ ပွါးများမလာအောင် လုပ်ပေးခြင်းဖြစ်သည်။

Amoxicillin သည် Streptococci, E. coli, Staphylococcus, H. pylori, P. mirabilis, H. influenzae, N. gonorrhoeae နှင့် S. pneumonia ဗက်တီးရီးများကြောင့်ဖြစ်သည့် Infections (အင်ဖက်ရှင်) များအတွက်ပေးသည်။

၎င်း Infections ရောဂါတို့မှာ နားပြည်ယိုခြင်း၊ နားအလယ်ပိုင်းရောင်ခြင်း၊ နှာခေါင်း-လည်ချောင်းရောင်ခြင်း၊ ဆိုင်းနပ်စ်၊ အာသီးရောင်ခြင်း၊ လည်ပင်းရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အသံပြွန်ရောင်ခြင်း၊ အဆုပ်ထဲကလေပြွန်ရောင်ခြင်း၊ နူမိုးနီးယားခေါ် အဆုပ်ခဲခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ (အနာ)အရေပြားရောင်ခြင်း၊ ဂနိုရီးယားခေါ် လိင်မှတဆင့် ကူးစက်ရောဂါ၊ သဲခြေလမ်းရောင်ခြင်း၊ နှလုံးသားရောင်ခြင်း၊ သွားပိုးဝင်၍ပြည်တည်ခြင်း၊ အသက်ရှူလမ်း ပိုးဝင်ခြင်း၊ ခွဲစိတ်ကုသပြီး ပိုးဝင်လာမည်အား ကာကွယ်ရန်နှင့် အစာလမ်းအစ လေနာဖြစ်ခြင်းအား လျော့နည်းစေရန် တို့အတွက်လည်း Amoxicillin ကိုပေး၍ ကုသနိုင်သည်။

Amoxicillin Capsules ဆေးတောင့်၊ Tablets ဆေးပြား၊ Chewable tablets ဝါးစားနိုင်သောဆေးပြား၊ Powder ရေနှင့်ဖျော်တိုက်ရန်အမှုံ့၊(မှတ်ချက်၊ ရေနှင့်ဖျော်ပြီးနောက် ၁ဝ ရက်အတွင်းသာသုံးပါ။) နား-မျက်စိ ခပ်နိုင်သည့် အစက်ချဆေးရည် နှင့် သွေးပြန်ကြောထဲ ထိုးနိုင်သည့်ဆေး IV use အဖြစ် အမျိုးမျိုးလာသည်။

• H. pylori ပိုးဝင်ခြင်းနှင့် Duodenal ulcer အစာလမ်းအစလေနာအတွက် Lansoprazol နှင့်တွဲပေးသည်။ 1 gram Amoxil + 30 mg Lansoprazole TDS x 14 days
• ပြည်တည်နာများအတွက် Cloxacillin နှင့်တွဲပေးသည်။
• (ဂနိုရီးယား) အတွက် Probenecid နှင့်တွဲပေးသည်။

Amoxicillin ကို အစာနှင့် နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေပေးနိုင်သည်။ သတိထားရမည်မှာ ရောဂါလက္ခဏာများ ပျောက်သွားစေကာမူ ဆေးပတ်လည်အောင်ပေးရမည်။ ဆေးပြီးခြင်း (ဆေးကို ပိုးကခံနိုင်ရည်ဖြစ်သွားခြင်း)မှ ကာကွယ်ရန်အတွက်ဖြစ်သည်။

Penicillin family အုပ်စုဝင်ဆေးများဖြစ်ကြသော Ampicillin, Carbenicillin, Dicloxacillin, and Oxacillin တို့ကို မတည့်ပါက Amoxicillin ကိုလည်း မတည့်ဖြစ်မည်။ ဆေးမတည့်သည့် လက္ခဏာများမှာ အရေပြားအနီပြင်ထခြင်း၊ အသက်ရှူခက်ခြင်း၊ မျက်နှာ-နှုပ်ခမ်း-လျှာ-လည်ပင်း ရောင်ခြင်း၊ Diarrhea ဝမ်းပျက်ခြင်း၊ Fever ကိုယ်ပူခြင်း၊ Chills ချမ်းတုံခြင်း၊ Dizziness မူးဝေခြင်း၊ Heartburn ရင်ပူခြင်း၊ Insomnia အိပ်မပျော်ခြင်း၊ Nausea and vomiting ပျို့-အန်ခြင်း၊ Itching ယားယံခြင်း၊ Confusion စိတ်မကြည်လင်ခြင်း၊ Abdominal pain ဗိုက်အောင့်ခြင်း၊ Bleeding သွေးယိုခြင်း၊ Urinating less than usual or not at all ဆီးနဲခြင်း၊ Seizure တက်ခြင်း၊ Vaginal itching or discharge အမျိုးသမီးများ မွေးလမ်းယားယံခြင်း၊ အဖြူဆင်းခြင်း၊ Thrush မှက်ခရုခေါ် လျှာဖြူနေခြင်းတို့ဖြစ်ကြသည်။

Pills ကိုယ်ဝန်တားဆေး၊ methotrexate, sulfa drugs, tetracycline တို့နှင့် တွဲဖက် မပေးသင့်။

DOSAGE ဆေးကို မည်၍မည်မျှ ပေးမည်နည်း။
o ဆိုင်းနပ်စ်၊ အာသီးရောင်ခြင်း၊ လည်ပင်းရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အသံပြွန်ရောင်ခြင်း၊ ဆီးလမ်း ရောင်ခြင်း၊ အရေပြားရောင်ခြင်း၊ သဲခြေလမ်းရောင်ခြင်း၊ နှလုံးသားရောင်ခြင်း၊ နားပြည်ယိုခြင်း၊ နူမိုးနီးယား၊ နားအလယ်ပိုင်းရောင်ခြင်း၊
o လူကြီး 250-500 mg တနေ့ ၃ ကြိမ်၊ သို့မဟုတ် 500 mg တနေ့ ၂ ကြိမ်၊ သို့မဟုတ် 750 mg တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်ကြာသောက်ပါ။
o ကလေး 125-250 mg တနေ့ ၃ ကြိမ်၊ ကလေး = 20-40mg/kg/day
o သွားပိုးဝင်၍ပြည်တည်ခြင်း၊ 3 Gm တနေ့ ၃ ကြိမ်၊
o သွားမနုတ်မီ 2 Gm ကို တနာရီကြိုတင်သောက်ပါ။
o (ဂနိုရီးယား) 3 Gm ကို တခါတည်းကောက်ပါ။
o ပြင်းထံသော အသက်ရှူလမ်းပိုးဝင်ခြင်း၊ လူကြီး 3 Gm တနေ့ ၂ ကြိမ်၊

Dr. တင့်ဆွေ