ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Wednesday, September 15, 2010

Peptic Ulcer Diagnosis လေနာရောဂါကို ဆေးစစ်ခြင်း

သိချင်တာက အစာအိမ်-လေနာဆိုရင် ဘယ်လိုမျိုး စစ်ဆေးချက်တွေပြုလုပ်ရင် သိနိုင်သလဲကိုပါ။ ဒါမှမဟုတ် ရောဂါက မှန်းဆရတဲ့ အရာမျိုးလား။ စစ်ဆေးရင် အကောင်းဆုံးက ဘယ်လိုစစ်ရမလဲ ဆိုတာတွေကိုပါ ရှင်းပြပေးပါဦး။

ပဌမ ဆရာဝန်က ရောဂါ-ရာဇဝင်ကို သေသေခြာခြာ မေးမယ်။ ဖြစ်နိုင်တဲ့ အလာအလာရှိသူ ဟုတ်-မဟုတ်၊ ဖြစ်တာ ဘယ်လောက် ကြာနေပြီလဲ၊ ဘယ်လောက် နာသလဲ၊ ကိုယ်အလေးချိန် လျှော့သလား၊ ဘာဆေးတွေ သောက်နေခဲ့သလဲ၊ NSAIDs ခေါ် အကိုက်-အနာ-အဖျားပျောက် ဆေးတွေက ဖြစ်စေနိုင်တယ်။ အရက်-ဆေးလိပ်၊ မိသားစုထဲ အဲလို ဖြစ်သူ ရှိသလား၊ အန်သလား၊ ဘယ်အချိန်မှာ နာတာလဲ။ လူပင်ပန်း-စိတ်ပင်ပန်းလား။ အစာကို အချိန်မှန် စားသလား။

နောက် စမ်းသပ်မှု လုပ်မယ်။ ဗိုက်၊ ရင်ပတ်၊ လိုအပ်ရင် စအို (သွေးယိုသူ)၊ နာတာရှည် လေနာသမားတချို့က အန်တတ်တယ်။ အစာ အောက်ဆင်းတာ နှေးလို့ အစာအိမ်ထဲမှာ စားတဲ့အစာတွေ တော်တော်နဲ့ အောက်မဆင်းဘူး။ အဲလို လူတွေရဲ့ ဗိုက်ကို လှုတ်ကြည့်ရင် ရေထည့်တဲ့ သားရေအိမ်ကို လှုတ်ကြည့်သလို အသံမျိုး ကြားတယ်။

ရောဂါကို သေခြာဘို့ စစ်နည်း ၁-၂ ခု ထပ်လိုတယ်။
(၁) Upper gastrointestinal (GI) series လည်းခေါ်သလို Barium meal x-ray ရိုက်တာ လုပ်ရတယ်။ ဆေးမျိုခိုင်းပြီး ဓါတ်မှန်တွေ တချပ်ပြီး တချပ်ရိုက်တာပါ။ သိပ်ကြီး တိကျတာတော့ မဟုတ်ပါ။
(၂) Endoscopy အစာလမ်းကြောင်းထဲကို ကင်မရာပါ ကရိယာ Endoscope ထည့်ကြည့်တာ၊ ပိုတိကျတယ်။
(၃) Endoscopy ကြည်ရင်းနဲ့ အထဲက အသားစကိုယူပြီး တရားခံပိုး H. pylori ရှိ-မရှိစစ်တယ်။ အဲလိုမျိုး Biopsies လုပ်တာက ကင်ဆာ ဟုတ်-မဟုတ်ကိုပါ သိစေတယ်။ GU အစာအိမ်မှာ အနာက ကင်ဆာနဲ့ ခွဲရမယ်။ DU အူသိမ်မှာ ဖြစ်ရင် ကင်ဆာ မဟုတ်ပါ။
(၄) သွေးထဲမှာ H. pylori နဲ့ဆိုင်တဲ့ Antibodies ရှိ-မရှိလည်း စစ်နိုင်တယ်။
(၅) Breath test ဆိုတာလည်း 95% မက သေခြာတယ်။
(၆) Stool test ဝမ်းထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ သွေး ပါနေ-နေစစ်တာ။
(၇) Blood test သွေးအားနည်းနေ-မနေ (သွေးယိုသူ)၊

Dr. တင့်ဆွေ
၁၄-၉-၂ဝ၁ဝ