12 Oct 10, 08:25
Q 1: ကျမ အသက် ၂၇ နှစ်အတွင်း ရောက်နေပါတယ်။ အိမ်ထောင်မရှိပါဘူး။ ဝက်ခြံတော့ ပျောက်နေပါတယ်၊ အမဲစက်တွေ ထွက်လာတယ်။ တင်းတိပ်လိုပဲ။ အရမ်း စိတ်ညစ်ရတယ်။ ပျောက်ကင်းနိုင်တဲ့ နည်းများ လမ်းညွှန်ပေးပါ။
14 Oct 10, 04:17
Q 2: ကျမ အသက်က ၃၅ နှစ်ရှိပါပြီ၊ အသားညိုပါတယ်။ မျက်နှာမှာ ငယ်ကတည်းက အခုထိ ဝက်ခြံကြီးကြီး မပေါက်ဖူးဘူး။ ဆားဝက်ခြံလောက် တခါတလေ ဖြစ်တတ်တယ်။ ဘာမိတ်ကပ်မှလည်း မသုံးဘူး။ တလလောက်ရှိပြီ တင်းတိပ် နှစ်ဖက်လုံး ဖြစ်လာပါတယ်။ လက်သဲခွံလောက်ပါ။ ရေးရေးလေး မြင်နေရတယ် ဘာဖြစ်လို့ပါလဲ။ အချိန်လေး ရရင် ရေးပေးစေချင်ပါတယ်။ နယူးယောက်မှာ နေပါတယ်။ နေပူတာလည်း သိပ်ရှားပါတယ်။
A: အရေပြားမှာ အရောင်ရင့် အစက်-အကွက်တွေ ဖြစ်လာတာကို Hyperpigmentation လို့ခေါ်တယ်။ ဒီလို ဖြစ်တာတွေ ထဲမှာ မှဲ့ခြောက်၊ တင်းတိပ် စသဖြင့် ခေါ်တာတွေ ပါတယ်။ အရုပ်ဆိုး အကျဉ်းတန်တာက လွဲရင် ဒုက္ခမပေးပါ။ ဆေးပညာမှာ HIV လို၊ ကင်ဆာလို သိပ်အန္ကရာယ်ပေးတာတွေနဲ့ မကုလဲ ဘာမှမဖြစ်တာမျိုးတွေက ဆရာဝန်တွေမှာ ခေါင်းအစားဆုံးပါ။
ဖြစ်တဲ့နေရာမှာ အရောင်က လိုတာထက် ပိုရင့်နေတာပါ။ ဘာမဆို ပိုလဲ မကောင်း၊ လိုလဲ မကောင်းတာချည်းဘဲ။ မြို့သာက တောင်သူတွေ အောက်ပြည်-အောက်ရွာ သွားရင် မိတ်ဆွေတွေက ဆီးပြီး၊ နုတ်ဆက်ကြတယ် “ကိုတမိုးပို၊ ကိုတမိုးလိုတို့ လာကြပြီ” လို့။
Melanin အကြောင်းမပြောဘဲ ဆက်ရေးလို့ မရပါ။ သူက အရေပြားကို အရောင်လုပ် ပေးထားတဲ့ ဆိုးဆေးပါ။ အသားညို-အသားမဲသူတွေမှာ သူကများနေတယ်။ အသားမဖြူသူတွေက ပိုကံကောင်းကြတယ်လို့ ဆေးပညာက ထောက်ခံပါတယ်။ (မယ်လနင်) ကနေ နေရောင်ထဲပါတဲ့ ခရမ်းလွန်-ရောင်ခြည်ရန်က အကာကွယ် ပေးနေတယ်။ အဖြူမတွေ Tan ဖြစ်အောင် အဝတ်အစားတွေ ချွတ်နိုင်သလောက် ချွတ်ပြီး နေရောင်ခြည်ချိုးနေကြရတယ် မဟုတ်လား။
(မယ်လနင်) က ဗက်တီးရီယားနဲ့ မှိုပိုးကနေ အကာကွယ် ပေးသေးတယ်။ အပူဒဏ်၊ ဓါတုဒဏ် တွေကနေလဲ ကာကွယ်မှု ပေးတာမို့ Melanin ဟာ ခုခံမှုစနစ်ရဲ့ အပြင်ဆုံး ခံတပ်လို့ ပြောနိုင်တယ်။ သူက ဆံပင်မှာလဲ ရှိတယ်။ (အဒြီနယ်-ဂလင်း) နဲ့ ဦးနှောက်ထဲမှာပါ ရှိတယ်။ Melanin မရှိသူတွေကို Albinism လူဖြူလို့ ခေါ်တယ်။ တကိုယ်လုံး အသားအရေ၊ ဆံပင်၊ မျက်လုံး၊ အားလုံး ဖြူဖွေးနေတဲ့သူတွေ။ မျိုးဗီဇ ပြဿနာတခုပါ။
ဗီတာမင် (ဒီ) ဆိုတာ နေရောင်နဲ့ ထိတွေ့ရင် (အေ) ကနေ အလိုလို ပြောင်းတယ်။ Melanin များတဲ့သူတွေကြတော့ (ဒီ) ဖြစ်တာနဲနေလို့ ဆေးသောက်ဘို့တော့ လိုကြတယ်။ Iris မျက်စိ-သူငယ်အိမ်မှာလဲ ရှိတယ်။ “မျက်လုံးစိမ်းနဲ့ မိန်းကလေးများ” သနားပါတယ်၊ သူ့တို့မျက်လုံးက အလင်းဒဏ်ကို အကာကွယ်ပေးနိုင်မှု နဲရှာကြတယ်။
Melasma (Chloasma faciei) ဆိုတာကို “တင်းတိပ်” လို့ ပြောရမယ် ထင်ပါတယ်။ ဘာလို့ ဖြစ်ရသလဲ။ တရားခံ နံပါတ် တစ်က Sun Exposure နေရောင်ပါ။ UV rays ခရမ်းလွန်ရောင်ခြည်က ဖြစ်စေတာပါ။ Inflammation ရောင်ရမ်းတာက နောက် အကြောင်းတရား။ ထိခိုက်၊ ခိုက်မိ၊ အနာဖြစ်၊ အပူလောင်၊ ဝက်ခြံပေါက်၊ နှင်းခူနာဖြစ်၊ တခြား မြန်မာလို တိတိကျကျ နာမယ်မရသေးတဲ့ Psoriasis လို အရေပြားနာ စတာတွေကြောင့်က တိုက်ရိုက် ဖြစ်ရတာ မဟုတ်ဘဲ အနာကျက်ဘို့ လုပ်ရင်း အညိုကွက်တွေ ဖြစ်လာတယ်။ တခြားလဲ ရှိနိုင်သေးပါတယ်။ Addison’s disease ဆိုတဲ့ Adrenal gland အိတ် အားနည်းတဲ့ရောဂါမှာ ဖြစ်တယ်။ လည်ပင်ကြီးရောဂါရှိသူတွေမှာ ၄ ဆ ပို ဖြစ်ကြတယ်။
အမျိုးသမီးတွေမှာ သိသိသာသာ ၉ဝ% အဖြစ်များတယ်။ ယေဘုယျ ယောက်ျားက ပိုပြီး နေရောင်နဲ့ ထိရတာ များတယ်။ ဒီတော့ ဟော်မုန်းက အဓိကကျလာတယ်။ ယောက်ျား-မိန်းမမှာ ဟော်မုန်းတွေက ရှိကြပေမဲ့ အမျိုးသမီးတွေမှာ အပြောင်း အလဲက ပလူးပလဲ ဆိုရမလို လအစ၊ လအလယ်၊ လအဆုံး၊ အမြဲပြောင်းလဲနေတယ်။ ကိုယ်ဝန်တားဆေး ဆိုတာတွေက ဟော်မုန်းတွေ ချည်းဘဲ။ အပျိုဘော် မဝင်သေးရင် အဖြစ်နဲတယ်။ အိမ်ထောင်ကျ၊ ကိုယ်ဝန်ဆောင်၊ ကလေးဖွါး၊ သွေးဆုံး ဟော်မုန်းတွေ ပြောင်းလဲ မဆုံးပါ။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးကို မျက်နှာမြင်တာနဲ့ (မွေးတာ မဟုတ်သေးပါ) သိသာတယ်။ ကိုယ်ဝန်နဲ့အတူ အဲလို ဖြစ်လာတာကို Chloasma လို့ ခေါ်တယ်။ The mask of pregnancy ကိုယ်ဝန်ဆောင်တို့ရဲ့ မျက်နှာဖုံးလို့ ခေါ်ကြတယ်။ Cosmetics အလှအပ အသုံးအဆောင်တွေကလဲ အဆင်မသင့်ရင် ဖြစ်နိုင်တယ်။
မျိုးရိုးကိုလဲ ၃ဝ% အပြစ်ရှာနိုင်ပါသေးတယ်။ ဒီရောဂါဟုတ်-မဟုတ် Wood lamp (wavelength 340-400 nm) နဲ့ စမ်းရင် သိတယ်။
အမှန်အတိုင်း ဝန်ခံရရင် ပျောက်ဘို့ ခက်ပါတယ်။ ဖြစ်လာတာလဲ ဖြေးဖြေး၊ ပျောက်ဘို့ရာလဲ နှေးနှေး။ ကြာပါလိမ့်မယ်။ မပျောက်တော့တာလဲ ရှိသလို ပြန်ပေါ်တာလဲ ရှိမယ်။ ကိုယ်ဝန်ကြောင့် ဖြစ်သူတွေ မွေးအပြီးမှာ သက်သာ၊ ပျောက်ကင်း သွားတတ်ပါတယ်။ တားဆေးကြောင့်၊ ဟော်မုန်းဆေးကြောင့် ဖြစ်ရသူတွေလဲ အဲလိုပါဘဲ။
• လိမ်းဆေးတွေထဲမှာ Hydroquinone (HQ) 2-4% ကို အများသဘောတူထားတယ်။ (Alphaquin HP, Alustra, Eldopaque, Eldopaque Forte, Eldoquin, Eldoquin Forte, Esoterica, Esoterica Sensitive Skin, Glyquin, Glyquin-XM, Lustra, Melanex, Melanol, Melpaque HP, Melquin HP, Melquin-3, Nuquin HP, Solaquin, Solaquin Forte, Viquin Forte) နာမယ်တွေနဲ့ လာတယ်။
• Tretinoin (Avita, Retin-A) 0.025%, 0.05% 0.1% cream; 0.01%, 0.025%, 0.1% gel; 0.05% solution ခရင်မ်၊ ဂျဲလ်၊ အရည်။
• (FDA) ကနေ လက်ခံတားတာက Triple Combination Cream (Hydroquinone 4%, Tretinoin 0.05%, and fluocinolone acetonide 0.01%) ၃ မျိုးတွဲလိမ်းဆေး တနေ့ ၂ ကြိမ်လိမ်းရတယ်။
• နေကာမျက်မှန်တိုင်း အသုံးမကျပါ။ UV-A and visible radiation 320-700 nm ကို မကာကွယ်နိုင်ရင် မရပါ။
• Cryotherapy, Medium-depth chemical peels, Fraxel Laser treatment တွေနဲ့ကုတာ ဘာဖြစ်လာမလဲ အမှန်းရ မလွယ်လှပါ။ ဆရာဝန် တော်ဘို့လိုတယ်။ လူနာလဲ ကံကောင်းဘို့လိုတယ်။
Melasma (2) တင်းတိပ် (၂) http://dts-medicaleducation.blogspot.in/2012/05/melasma-2.html
Dr. တင့်ဆွေ
၁၄-၁ဝ-၂ဝ၁ဝ
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
