31 Jan 11, 06:43
သမီးရဲ့ ဖေဖေ ၁ လပိုင်းတုန်းက ကျောက်ကပ်မှာ ကျောက်တည်လို့ ဆေးရုံမှာ လေဆာနဲ့ ချေလိုက်ရပါတယ်။ အခုတော့ သက်သာနေပါပြီ။ ကျောက်က ဘာတွေလုပ်လို့ တည်တာလဲဆိုတာ ပြောပြပေးပါ။ ဆောင်ရန် ရှောင်ရန် လေးတွေလဲ သိချင်ပါတယ်။
ဘာလို့ ကျောက်ကပ်မှာ ကျောက်တည်သလဲ။ တခုထဲလဲ မဟုတ်၊ တိတိကျကျလဲ ပြောမရပါ။ ဆီးထဲမှာ အရည်၊ ဓါတ်ဆား နဲ့ (အက်စစ်) ဓါတ်တွေဟာ ဖြစ်သင့်တာတွေ မဖြစ်ရာကနေ ဖြစ်တယ်။ ပုံမှန်ဆိုရင် ဆီးထဲက ပုံဆောင်ခဲ အချင်းချင်း ကပ်တွယ်ပြီး ကျောက်ဖြစ်မှာကို တားနိုင်တဲ့ သတ္တိ ရှိနေတယ်။
ဆောင်ရန်-ရှောင်ရန်များ
• ရေကို တနေ့မှာ ၂ လီတာ ၂ လီတာခွဲ သောက်ပါ။ ရေဓါတ်နည်းတာ မကောင်းပါ။ ဒီလိုလူမျိုး ဝမ်းလျောရင် ရေများဘို့ ပိုသတိထားပါ။ နိုင်အောင် မသောက်နိုင်ရင် Drip သွင်းပါ။
• Renal tubular acidosis, Dent's disease, Hyperparathyroidism, Primary hyperoxaluria and Medullary sponge kidney ရောဂါတခုခုရှိနေရင် ကျောက်ဖြစ်စေမဲ့ Calcium oxalate crystals တွေဖြစ်စေမယ်။
• Crohn's disease ရောဂါရှိနေသူတွေမှာ ပိုများတာ တွေ့ရတယ်။ ကျောက် ပြန်ဖြစ်သူတွေမှာ ဒါတွေပါရှိနေ-မနေ စစ်ရမယ်။
• ရေထဲက Fluoridation ကြောင့်လဲ အဖြစ်များစေနိုင်တယ်။ ရေကောင်း-ရေသန့် သောက်ပါ။
• ဗီတာမင် ဒီ များရင်လဲ ဖြစ်စေတယ်လို့ ၁၉၉၈ Archives of Internal Medicine က ဆိုတယ်။
• ဖို-မဆက်ဆံတာ Causal relationship ကြုံရာနဲ့ စခန်းသွားတဲ့ အကျင့်ကလဲ ဖြစ်မလားလို့ ပြောကြသေးတယ်။
• American Urological Association က ကမ္ဘာကြီး ပူနွေးလာတာကို ထောက်ပြသေးတယ်။
• Hypercalciuria သွေးထဲမှာ (ကယ်လ်စီယမ်) များနေသူ ပိုဖြစ်တယ်။ (ကယ်လ်စီယမ်) များတဲ့အစာ လျော့စားပါ။
• ဆီးလမ်း ပိုးဝင်တာ စောစော သေခြာ ကုသပါ။
• Thiazides, Potassium citrate, Magnesium citrate ဆေးတွေကို သတိထားသောက်ပါ။
• သံပုရာရည်၊ လိမ်မော်ရည် ဖျော်ရည်တွေ သောက်တာ ကောင်းတယ်။
• Beer ကိုလဲ သက်သာတယ်ပြောတယ်။ စပျစ်ရည်လောက်တော့ မကောင်းပါ။
• (ကိုကာကိုလာ)၊ (ကေဖင်း) ပါအရည်၊ အချို့အရည်တွေလဲ မသင့်ပါ။
• အသား (ပရိုတင်း) နဲ့ ဆား လျော့စားပါ။
• သကြားဓါတ်များတာ မကောင်းပါ။
• ဟင်းနုနွယ်ရွက် မတည့်ပါ။ Calcium နဲ့ Oxalates များတဲ့ ဟင်းနုနွယ်ရွက်နဲ့ ခရမ်းချဉ်သီး ရောမချက်သင့်ဘူးလို့ တောင်အာရှမှာ ပြောစမှတ် ရှိတယ်။
• Potassium citrate ဆေးကို ကျောက်ဖြစ်မှာ ကာကွယ်ဘို့သုံး နိုင်ပါတယ်။ စားဆေးနဲ့ အရည်လာတယ်။ ဆီးရဲ့ pH များစေပြီး အက်စစ်ဓါတ် နည်းစေတယ်။
• သွေးတိုး ကျဆေးထဲက Calcium channel blockers (Nifedipine) နဲ့ Alpha blockers (Tamsulosin) ဆေးတွေက ကျောက်ရှိနေသူတွေအတွက်ပါ အသုံးကျတယ်။ ကျောက်ရှိနေရင် ကျစေတယ်။
• Allopurinol (Zyloprim) ဂေါက်ရောဂါဆေးက အကျိုးများစေတယ်။
• ဆီးသွားချင်တာကို အောင့်မထားပါနဲ့။
• အသက် ၂ဝ-၄၉ အတွင်းအဖြစ်များလို့ ကြီးလာရင်သက်သာတယ်။
Dr. တင့်ဆွေ
၃၁-၁-၂ဝ၁၁
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/