ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Wednesday, March 30, 2011

Hepatitis C (2) (စီ) ပိုး နောက်ဆက်တွဲ

2011/3/30
ကျွန်မ ကလေးမွေးထားတာ မကြာသေးပါဘူး။ ကိုယ်ဝန်ဆောင်စဉ် သွေးစစ်ကြည့်မှ စီပိုး ရှိနေတာ တွေ့ရပါတယ်။
၁) အကာကွယ်သုံးပစ္စည်း မသုံးပဲ ခင်ပွန်းသည်နဲ့ ဆက်ဆံလျှင် ခင်ပွန်းသည်ပါ ကူးစက်နိုင်ပါသလား။
၂) ကျွန်မက သွေးအားနည်းတော့ ဆေးရုံးက သံဓါတ်ဆေးတွေ ပေးပါတယ်။ Sangobion (Ferrous Gluconate Compound) Capsule ဆက်သောက်သင့်-မသင့်။

အသဲရောင် (စီ) ဆိုတာ ရက်တိုနဲ့ နာတာရှည် ၂ မျိုး ဖြစ်နိုင်တယ်။ ၇၅ ကနေ ၈၅% နာတာရှည် ဖြစ်လာနိုင်တယ်။

Hepatitis C က သွေးကတဆင့် အဓိက ကူးတယ်လို့ ကနေ့အထိ သိထားတယ်။
1. သွေးလှူတာ၊
2. ဆေးထိုးအပ်၊
3. ပိုးရှိနေသူ မိခင်ကနေ မွေးတဲ့ကလေး၊
4. သွေးထွက်စေမဲ့ နည်းတမျိုးမျိုး သုံးတာတွေကနေ ကူးစက်တာက အများဆုံး ကူးစက်နည်းတွေ ဖြစ်တယ်။

(၁) မုတ်ဆိတ်ရိတ်ဒါး၊ (၂) သွားပွတ်တံ၊ (၃) လိင်ဆက်ဆံတယ်ဆိုတာက နည်းနည်းပါးပါး ကူးစက်နည်းတွေ ဖြစ်တယ်။

လိင်ဆက်ဆံရာကနေ မကူးစက်ပါဘူးလို့ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေက မများပါ။ ပိုတိကျဘို့ သုတေသနတွေ လုပ်နေဆဲ ဖြစ်ပါတယ်။
(၁) လိင်ဆက်ဆံဘက် များသူတွေ၊
(၂) ဆက်ဆံဘက်မှာ STDs တခြား လိင်ကတဆင့်ကူးစက်ရောဂါ တခုခုရှိနေရင်၊
(၃) လိင်ဆက်ဆံတာ ကြမ်းတမ်းရင်၊ ကူးစက်ဘို့ အခွင့်အလမ်း ပိုမယ်။

• (တက်တူး) ထိုးတာ၊ အလှအပအတွက် ကွင်းတပ်ဆင်တာ၊ နားကပ်ဝတ်တာတွေကနေ ကူးစက်တယ်ဆိုတာ အများ လေးစားလောက်တဲ့ သုတေသနကြီးတွေကတော့ ဖြစ်တယ်လို့ မတွေ့ရသေးပါ။ ဒါပေမဲ့ ပိုးသန့်စင်မှု အားနည်းရင် ဘာလုပ်လုပ် စီ ပိုး အပါအဝင် ကူးစက်ရောဂါမှန်သမျှ ကူးစက်စေနိုင်ပါတယ်။
• တအိမ်ထဲ အတူနေသူတွေ ကူးစက်နိုင်ပါတယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ် ဆိုတာလဲ သွေးကနေ ဝင်လို့သာ ဖြစ်ပါမယ်။
• ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲနုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာ နုတ်ခပ်ချင်းစုပ်တာနဲ့လဲ မကူးပါ။ ရေအတူသောက်လဲ မကူးပါ။
• မူးယစ်ဆေး သုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲက ပစ္စည်း သွင်းနေရသူတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူတာ လက်ခံရသူတွေ၊ Hemodialysis ကျောက်ကပ် ဆေးနေရသူတွေ၊ ဆေးရုံး-ဆေးခန်းမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုးရှိနေသူတွေ၊ Hepatitis C ရှိနေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့အခွင့်အလမ်းတွေ ပွင့်နေတယ်။
• မိခင်လောင်းမှာ စီပိုးရှိနေရင် ကလေး ၁ဝဝ မွေးရင် ၄ ယောက်မှာ ကူးစက်တယ်။ မိခင်မှာ HIV ပါ တွဲရှိနေရင် ပိုများတယ်။
• ခြင်နဲ့ အင်းဆက်ပိုးတွေကနေ ကူးစက်တာ မတွေ့သေးပါ။
• စီ ပိုးရှိနေသူဟာ Blood သွေးမလှူရပါ၊ Organs အင်္ဂါအစိတ်အပိုင်း မလှူရပါ၊ Semen သုတ်ပိုး မလှူရပါ။
• သွေးစစ်လို့ စီပိုး တွေ့ပေမဲ့ ၇ဝ-၈ဝ% မှာ ဘာမှ မခံစားရသလို ရှိနေမယ်။
• ခံစားရသူတွေမှာလဲ ဆိုးတာမပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံး ဝါ၊
• ရက်တို ရောဂါလက္ခဏာတွေဟာ ကူးစက်ပိုး ဝင်လာခဲ့တဲ့နောက် ၆-၇ ပါတ်အကြာမှာ ဖြစ်တယ်။ တချို့မှာ ၂ ပါတ်ကနေ ၆ လ လဲ ကြာနိုင်တယ်။
• သူတို့အထဲက ၇၅-၈၅% က နာတာရှည် ဖြစ်လာရင်လဲ ရောဂါလက္ခဏာတွေဟာ ရှိသူတွေမှာသာ ရှိမယ်။ သူ့အသဲက ပျက်စီးစပြုလာမယ်။ နှစ်တွေ ကြာမှလဲ ဖြစ်နိုင်တယ်။
• နာတာရှည် Chronic Hepatitis C ဆိုတာ ဆိုးဝါးတဲ့ရောဂါတခု ဖြစ်တယ်။
o Liver damage အသဲပျက်စီးတာ၊
o Cirrhosis liver အသဲခြောက်တာ၊
o Liver failure အသဲက နိုင်အောင် အလုပ်မလုပ်နိုင်တာ၊
o Liver cancer အသဲကင်ဆာတွေ ဖြစ်နိုင်တယ်။
o ၆ဝ-၇ဝ% ကနေ နာတာရှည် ဖြစ်လာနိုင်တယ်။
o ၅-၂ဝ% ဟာ အနှစ် ၂ဝ-၃ဝ အတွင်း Cirrhosis အသဲခြောက်တာ ဖြစ်လာနိုင်တယ်။
o ၁-၅% ဟာ Cirrhosis အသဲခြောက်တာ ဒါမှမဟုတ် Liver cancer အသဲကင်ဆာကြောင့် သေဆုံးနိုင်တယ်။
• Hepatitis C ပိုးရှိနေသူဟာ Liver enzyme (ALT) အသဲ (အင်ဇိုင်းမ်) စစ်ရင် နည်းတာ၊ များတာ၊ ပုံမှန် ဖြစ်တာတွေ ဖြစ်နိုင်ကြတယ်။ နာတာရှည်အဆင့် ရောက်နေတာတောင် ပုံမှန် ဖြစ်နေနိုင်တယ်။ ဒီလိုဖြစ်နေသူဟာ နောက် ၆ လ ၁ နှစ်အကြာ တခါထပ်စစ်ရမယ်။
• ဆေးစစ်ဘို့ လိုသူတွေကတော့ -
o မူးယစ်ဆေးထိုးနည်း သုံးနေသူတွေ၊
o အရင်က သွေးခဲစနစ်ရောဂါကို ကူသခံဘူးသူတွေ၊
o အရင်က သွေးသွင်း ကုသဘူးသူတွေ၊
o အရင်က ကျောက်ကပ် ဆေးနေရသူတွေ၊
o အရင်က အသဲရောဂါ ရှိဘူးသူတွေ၊ အသဲဆေးစစ်တာ ပုံမှန်မဟုတ်သူတွေ၊
o ဆေးခန်း-ဆေးရုံ တာဝန်ထမ်းနေသူတွေ၊
o HIV ရှိနေသူတွေ ဖြစ်တယ်။
• ကိုယ်ဝန်ဆောင်နေသူတိုင်းတော့ မလိုပါ။
• ရက်တိုသမားတွေအတွက် ဆေးကုဘို့ မရှိသေးပါ။ ဆေးစစ်တာ၊ အစာကောင်းကောင်းစားတာ၊ ရေ-အရည် ပိုသောက်သုံးတာသာ လိုမယ်။
• နာတာရှည် ဖြစ်လာသူတွေကတော့ အသဲကို အမြဲစောင့်ကြည့်နေရမယ်။ ကုသရမယ်။ Interferon နဲ့ Ribavirin ဆေး ၂ မျိုး သုံးနေတယ်။ လူတိုင်းလိုတာတော့ မဟုတ်ပြန်ပါ။ ဘေးထွက်-ဆိုးကျိုးတွေ များတယ်။
• ကံကောင်းသူ ၁၅-၂၅% ဟာ ဆေးကုစရာမလိုဘဲ ပိုးက ရှင်းသွားတာ တွေ့ရတယ်။ နာတာရှည်လဲ ဖြစ်မလာဘူး။
• နာတာရှည်ဖြစ်နေသူ အထူးကုဆရာဝန်နဲ့ အမြဲဆက်စပ်နေရမယ်။ အရက် လုံးဝဖြတ်ရမယ်။ တခြားရောဂါဖြစ်ရင် ထိုးမဲ့ သောက်မဲ့ ဆေးတွေ ရွေးရမယ်။
• Hepatitis A and Hepatitis B ကာကွယ်ဆေးတွေ ထိုးသင့်တယ်။ C အတွက် ကာကွယ်ဆေး မပေါ်သေးပါ။
• ပိုးတွေ့သူတွေကို ဝိုင်းပယ်ထားဘို့ ကူးစက်ရောဂါ ထိန်းသိမ်းရေးဌာနက တားမထားပါ။
• HIV နဲ့ Hepatitis C virus တွေ တွဲရှိတတ်တယ်။ မူးယစ်ဆေးထိုးသူတွေမှာ ပိုဖြစ်တာတွေ့ရတယ်။ HIV ရှိနေသူတွေထဲက ၅ဝ-၉ဝ% မှာ Hepatitis C virus လဲရှိနေကြတာတွေ့ရတယ်။
• Hepatitis C virus ဗိုင်းရပ်စ် ဟာ သာမန် အပူချိန်မျိုးမှာ ကိုယ်ခန္ဓာအပြင်မယ် ၁၆ နာရီကနေ ၄ ရက်အထိ ရှင်နေနိုင်တယ်။
• ပိုးရှိနေသူကနေ ထွက်လာတဲ့ သွေးကို ရေ ၁ဝ ဆ ထဲမှာ Household Bleach (ကလိုရင်း) ချွတ်ဆေးမှုံ့ ၁ ဆ ရောထားတာနဲ့ ဆေးကြောပေးနိုင်တယ်။ လက်အိတ် သုံးရမယ်။

Hepatitis C စီ ပိုး http://dts-medicaleducation.blogspot.com/2009/07/hepatitis-c.html

Dr. တင့်ဆွေ
၃ဝ-၃-၂ဝ၁၁