ကမ္ဘာ့ ကုလသမဂ္ဂ၊ (အေ-အိုင်-ဒီ-အက်စ်) နေ့ အစီရင်ခံစာ (၂ဝ၁၁)
တကမ္ဘာလုံးမှာ HIV သုည ဖြစ်ရေး၊ HIV ပိုးရှိနေသူတွေကို ခွဲခြားဆက်ဆံတာ သုညဖြစ်ရေး၊ AIDS ကြောင့်သေဆုံးရတာ သုညဖြစ်ရေးဆိုတဲ့ မဟာ-မျှော်မှန်းချက်ကြီးဆီ ဦးတည်ပါတယ်။ လက်တွဲလုပ်ဆောင်နေသူတွေ၊ ပါဝင်ပတ်သက်သူတွေနဲ့ ဝေဒနာသည်တွေကနေ အဲလို မျှော်မှန်းထားတာပါ။
• ကမ္ဘာမှာ ၂ဝ၁ဝ အကုန်မှာ HIV ပိုးရှိနေသူပေါင်း ၃၄ သန်းရှိတယ်။ ၂ဝဝ၁ ကထက် ၁၇% ပိုများလာတယ်။
• ၂ဝ၁ဝ အတွင်း လူနာသစ်ပေါင်း ၂့၇ သန်းတိုးလာတယ်။ အဲဒီအထဲမှာ ကလေးပေါင်း ၃၉ဝဝဝဝ ယောက်ပါတယ်။
• အများစုကတော့ ဆေးကုနိုင်လာကြတယ်။
• AIDS နဲ့ဆက်နွှယ်ပြီး သေဆုံးရသူ အရေအတွက် ၂ဝဝ၅ တုံးက ၂့၂ သန်း ရှိခဲ့ရာကနေ ၂ဝ၁ဝ အကုန်မှာ ၁့၈ သန်းအထိ ကျသွားတယ်။
• ၃၃ နိုင်ငံမှာ ဖြစ်နှုန်း ကျလာတယ်။
• အာရှတိုက်မှာ ဒုတိယအများဆုံး ရှိတယ်။ တောင် နဲ့ အရှေ့တောင်အာရှဒေသမှာ ၂၇ဝဝဝဝ ယောက် HIV ပိုး ရှိနေကြတယ်။ ဒါဟာ ၁၉၉၆ တုံးက စံချိန်တင်ခဲ့တာထက် ၄ဝ% ကျသွားတာဖြစ်တယ်။ အိန္ဒိယမှာ ၅၆% ကျဆင်းသွားတယ်။
• နိုင်ငံတခုထဲမှာ အဖြစ်များဒေသ ဆိုတာရှိတယ်။ ဥပမာ တရုတ်နိုင်ငံမယ် ပြည်နယ် ၅ ခုမှာ ၅၃% ဖြစ်နေတယ်။
• အမျိုးသမီးတွေမှာ HIV ပိုးရှိနေတာက ၅ဝ% နဲ့ တန်းနေတယ်။ ဆာဟာရ-အောက်ပိုင်း ဒေသတွေမှာတော့ အမျိုးသမီးတွေမှာ ၅၉% ရှိသေးတယ်။
• လိင်နဲ့အသက်မွေးသူတွေ၊ မူးယစ်ဆေးထိုးသူတွေ၊ လိင်တူဆက်ဆံသူတွေမှာ ဆက်လက်များနေဆဲ ဖြစ်တယ်။ တခြားအုပ်စုတွေကိုလဲ ကူးစက်နေသေးတယ်။
Behaviour change အမူအကျင့် ပြောင်းလဲတာ မပါဘဲနဲ့တော့ ရောဂါကူးစက်မှု ကျဆင်းစရာမရှိဘဲ တနှစ်မှာ လူနာသစ် ၃၅ဝဝဝ ဦး နှစ်တိုင်း တိုးလာနေပါလိမ့်မယ်။ ဥပမာကောင်းတခုက မာလာဝီ မှာဖြစ်ပါတယ်။ လိင်ဆက်ဆံတဲ့ အမူအကျင့် မပြောင်းခင်က ၄% ရှိနေခဲ့ရာကနေ ၁% ကို လျှော့ကျလာတယ်။ ဒါဟာ လူ ၁၅ဝဝဝ ကို ကယ်ဆယ်ရာ ကျတယ်။
• လူရွယ်တွေမှာ ရောဂါကူးစက်မှု ကျဆင်းတာ ၂၄ နိုင်ငံထဲမှာ ၂၁ နိုင်ငံရှိတယ်။
• ကိုယ်ဝန်ဆောင်တွေမှာ ကျဆင်းလာတာ ၁၂ နိုင်ငံရှိတယ်။
• အဖေါ်အများကြီးနဲ့ လိင်ဆက်ဆံတဲ့ ယောက်ျားဦးရေ ကျဆင်းလာတာ ၁၂ နိုင်ငံနဲ့ အဖေါ်အများကြီးနဲ့ လိင်ဆက်ဆံတဲ့ မိန်းမဦးရေ နည်းလာတာ ၆ နိုင်ငံရှိတယ်။
• (ကွန်ဒွမ်) သုံးသူဦးရေ ၁၇ နိုင်ငံမှာ (ကျား ၇ နဲ့ မ ၅) တက်လာတယ်။
• အသက် ၁၅ နှစ်မတိုင်ခင် လိင်ဆက်ဆံတဲ့ လူငယ်ဦးရေလဲ ၁၈ နိုင်ငံမှာ ကျဆင်းတယ်။
• ယောက်ျားလေးတွေ ပန်းငုံတာကို ဖြတ်ပေးနှုန်းလဲ တက်လာတယ်။
Antiretroviral therapy (ART) ဆေး ပေးနည်းဟာ HIV ကူးစက်တာကို ကာကွယ်နိုင်တယ်။ အားတက်စရာ ကောင်းတာက ၆့၆ သန်း ဆေးရနေကြပြီ။ ဒါက ဆေးရသင့်သူမှန်သမျှထဲမှာ တဝက် လောက်ရှိတယ်။ ဒါပေမဲ့ ပြောင်းလဲ လုပ်စရာတွေလုပ်မှ ဖြစ်ပါမယ်။ ရေတိုကနေ ရေရှည်၊ ကွက်တိ-ကွက်ကြားကနေ ကျယ်ပြန့်တာ၊ ရင်းနှီးမြှုတ်နှံ့မှု အပြောင်းအလဲတွေ လိုပါမယ်။
ဆေးပေးနိုင်တာဟာ HIV တိုက်ဖျက်ရေးမှာ တိုးတက်မှု မြန်ဆန်စေဘို့ရာ အဓိကအကြောင်း ဖြစ်ပါတယ်။ ဆာဟာရ အောက်ပိုင်းဒေသတွေမှာ ဆေးရသူဦးရေ ၂ဝ% တိုးလာတယ်။ ဆင်းရဲတဲ့၊ အသင့်အတင့်သာ တတ်နိုင်တဲ့ နိုင်ငံတွေမှာ စုစုပေါင်း လူဦးရေ အနည်းဆုံး ၆့၆ သန်း ဆေးရနေပြီ။ ဒါစာ ဆေးရသင့်သူ ၁၄့၂ သန်းထဲက ၄၇% ရနေကြတာ ဖြစ်တယ်။ ၂ဝဝ၉ တုံးက ၃၉% သာရခဲ့တယ်။ ၇ဝ-၈ဝ% ဆေးရနေတဲ့နိုင်ငံတွေကတော့ ဘော့စ်ဝါနာ၊ နမီးဘီးယား၊ ရဝမ်ဒါ၊ ဆွာဇီလန် နဲ့ ဇမ်ဘီယာ နိုင်ငံတွေ ဖြစ်တယ်။
• ကူးစက်စေနိုင်တဲ့ အန္တရာယ်များသူတွေကို ဦးစားပေးပြီး ကာကွယ်-ကုသရေးလုပ်တာ မှန်ကန်တာ တွေ့ရတယ်။
• ဆေးပေးတာဟာ ကာကွယ်တာလဲ ဖြစ်တယ်။ လူနာရဲ့ အခြေအနေလဲ တိုးတက်မယ်။ သေဆုံးမှုလဲ နည်းမယ်။ Viral load လဲ နည်းစေလို့ ကူးစက်မှုကို ကျဆင်းစေတယ်။
• ဆေးပေးနိုင်တာရော ကာကွယ်တာပါ အခုအခါ စံချိန်တင်အောင် တိုးတက်လာတယ်။
• ၁ဝ% အထိကူးစက်မှုရှိတဲ့ နိုင်ငံတွေမှာ ဆေးပေးတာ၊ အမူအကျင့် ပြောင်းပေးတာ နဲ့ ယောက်ျားလေး ပန်းအဖျား ဖြတ်ပေးတာတွေ တွဲလုပ်တာ အောင်မြင်တယ်။ ဥပမာ နမီးဘီးယား။ (ကွန်ဒွမ်) အသုံးပြုတာ ၇၅% နီးပါး ရှိလာတယ်။ လိင်ဆက်ဆံဖေါ်များသူဦးရေလဲ ယောက်ျားထဲမှာ ၁၁% နဲ့ မိန်းမတွေထဲမှာ ၂% သာရှိတော့တယ်။ ဆေးရသူ ဦးရေလဲ ၉ဝ% အထိရှိတယ်။
• ကူးစက်မှု အလွန်ထူပြောတဲ့ နေရာတွေမှာ ကူးစက်မှု ကျလာပေမဲ့ တန်းနေတာလဲ တွေ့တယ်။ ယောက်ျားလေး ပန်းငုံတာကို ဖြတ်ပေးတဲ့နည့်ပါ ထည့်သုံးတယ်။
• ပြဿနာကြီး တခုကတော့ ၆ဝ% ဟာ ပိုးရှိနေတာကို မသိကြတာဘဲ။
HIV နဲ့ TB တီဘီ
• HIV ပိုးရှိနေပြီး ART ဆေးမရသူတွေဟာ တီဘီ ဖြစ်ဘို့ အဆပေါင်း ၂ဝ-၃ဝ ပိုတယ်။
• ၂ဝ၁ဝ တုံးက HIV ပိုးရှိနေသူတွေထဲက ၁၃% TB ဖြစ်ခဲ့တယ်။ လူပေါင်း ၃၆ဝဝဝဝ ယောက် တီဘီကြောင့် သေဆုံးရတယ်။ ဒါဟာ ၂ဝဝ၄ ကနေ ကျလာတော့ ဖြစ်တယ်။
• INH preventive therapy ဆေးနဲ့ ကာကွယ်မှုပေးရင် HIV ရှိနေသူတွေကို ၃ဝ% ကာကွယ်မှု ရတယ်။
• HIV နဲ့ TB ကိုပါ ရောပြီး၊ ကာကွယ်-ကုသရေး လုပ်သင့်တယ်။
• ၂ဝ၁၅ ရောက်ရင် တဝက် လျှော့ချနိုင်အောင် ဒါတွေလုပ်ရမယ်။
o HIV နဲ့ TB တွဲဖြစ်တာကို တဝက်လျှော့ဘို ၂ ဆ လုပ်ရမယ်။ လက်ရှိ HIV နဲ့ TB ဖြစ်သူ ဆေးကုသမှု ခံယူနေတာ ၃ ပုံ ၁ ပုံ ထက်နည်းနေတယ်။
o TB cure rates တီဘီ ပျောက်တာကို ၇ဝ-၈ဝ% ဖြစ်စေရမယ်။
o TB detection rate တီဘီ ရောဂါရှာဖွေတာက ၈ဝ% ဖြစ်ရမယ်။
Smart investments ရင်းနှီးမြှုတ်နှံ့မှု
ရင်းနှီးမြှုတ်နှံ့မှု လုပ်တာ (စမတ်) ကျရမယ်။ လက်ရှိ စီးပွါးရေး အခက်အခဲကြီးကြောင့် ရံပုံငွေ နည်းလာတယ်။ ၂ဝ၁ဝ ကုန် အထိရတာ ၁၅ ဘီလျန်ရှိတယ်။ နိုင်ငံတကာ အကူအညီငွေပမာဏဟာ ၂ဝဝ၉ တုံးက ၈့၇ ဘီလျန်ကနေ ၂ဝ၁ဝ မှာ ၇့၆ ဘီလျန်သာရတယ်။ ၂ဝ၁၁ ဇွန်လမှာ အဖွဲ့ဝင်နိုင်ငံတွေကနေ ၂၂-၂၄ ဘီလျန် ထည့်ဝင်ဘို့ သဘောတူခဲ့ကြတယ်။ ၂ဝ၁၅ အထိ နှစ်စဉ် အဲလိုရနေဘို့ လိုတယ်။ ရလာတာတွေကိုလဲ နေရာမှန်မှာ သုံးဘို့ လိုတယ်။ Vaccine research ကာကွယ်ဆေး သုတေသန ဆက်လုပ်ဘို့ လိုတယ်။
Basic programme activities အခြေခံ စီမံချက်လုပ်ငန်းများ
၁။ ကူးစက်ခံရဘို့ လမ်းများသူ အုပ်စုတွေကို ပြစ်မှတ်ထားပြီး ဆောင်ရွက်ရေး။
(က) လိင်နဲ့ အသက်မွေးသူတွေနဲ့ သူတို့ ဖေါက်သည်တွေ၊
(ခ) မူးယစ်ဆေးထိုးသူတွေ၊
(ဂ) လိင်တူဆက်ဆံသူတွေ။
၂။ ကလေးတွေမှာ ကူးစက်မလာစေရေး။
၃။ အမူအကျင့် ပြောင်းပေးရေး။
၎။ (ကွန်ဒွမ်) သုံးလာစေအောင်နဲ့ ဖြန့်ဖြူးပေးရေး။
၅။ ဆေးကုသမှုပေးတာနဲ့ အထောက်အကူပေးရေး။
၆။ ယောက်ျားလေးတွေကို ပန်းအဖျား ဖြတ်ပေးတာတာကို ကာယကံရှင် သဘောတူ လုပ်လာစေရေး။
Dr. တင့်ဆွေ
၂၃-၁၁-၂ဝ၁၁
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေးရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။" ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/
